မနက်မိုးလင်းတော့ နှိုးစက်သံကမြည်လာသည်မို့ ဆူညံလှသောနှိုးစက်ကိုပိတ်ကာ အိပ်ရာထက်မှထလိုက်သည်။ထို့နောက် အိပ်ချင်မူးတူးဖြင့် ရေချိုးခန်းထဲသို့ဝင်ကာ တစ်ကိုယ်ရေသန့်ရှင်းရေပြုလုပ်သည်။ထို့နောက် အဝတ်အစားလဲရင်း အိပ်ပျော်နေသောအကို့ကိုနှိုးရသည်။ဆေးရုံအုပ်ဖြစ်နေပြီး ဆေးရုံနောက်ကျလို့မဖြစ်။
"အကို ထတော့လေ ဆေးရုံသွားတာနောက်ကျနေလိမ့်မယ်"
အိပ်ရေးသိပ်ဆတ်သောအကိုသည် တစ်ခွန်းပြောရုံနဲ့ထကာ ဆောင်းဦး အနားသို့ရောက်လာသည်။
"Morning အငယ် မွှ"
နိုးနိုးချင်း မျက်နှာပင်မသစ်ဘဲ ခါးကိုလာဖက်ပြီး မောနင်းဟုဆိုကာ ပါးကိုမွှေးကြူလာသူကြောင့် ဆောင်းဦး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။
ဆောင်းဦး အကို့ပါးပြင်ကို လက်ဖဝါးနုနုဖြင့်ဖွဖွကိုင်ကာ ပြန်လည်တုံ့ပြန်လိုက်သည်။"Morning အကို"
ဆောင်းဦး ပြောသည်ကိုနားထောင်ပြီး ပုခုံးထက်တွင်မေးတင်ကာ အိပ်ငိုက်ရန်ကြံရွယ်နေသည့်အကို့ကို သတိပေးစကားဆိုလိုက်သည်။မဟုတ်လျှင် အကိုတစ်ယောက်ကြောင့် ဆေးရုံနောက်ကျတော့မည်။
"အကို မျက်နှာသွားသစ်တော့လေ နောက်ကျပါလိမ့်မယ်ဆို"
အငယ့်ပုခုံးထက်တွင်မေးတင်ကာ ငိုက်မြည်းရန်ကြံရွယ်နေတုန်း အငယ်ကဆောင့်ဆောင့်အောင့်အောင့်ဖြင့်ပြောလာသည်မို့ အငယ့်စကားကိုနားထောင်ကာ ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်။နားမထောင်လို့လည်းမဖြစ်။ဒီထက်ကြာကြာသာထပ်နေလျှင် အငယ့်အသံခပ်စူးစူးက သူ့နားထဲသို့ဝင်ရောက်လာပေလိမ့်မည်။ထိုအချင်းအရာကိုကြိုသိနေသည့်
လင်္ကာ့အဖို့ အငယ့်စကားကိုသာနားထောင်ရန်မှာ ပထမဆုံးဦးစားပေးဖြစ်လေသည်။လင်္ကာ အငယ့်ကိုထားရစ်ခဲ့ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ကာ အပြင်ထွက်ခဲ့တော့ အငယ်က ကုတင်အစွန်းတွင် လင်္ကာဝတ်ရန်အဝတ်အစားတစ်စုံထုတ်ပေးထာသည်မို့ ထိုအဝတ်အစားများကိုကောက်ယူလိုက်သည်။စွပ်ကျယ်အင်္ကျီကိုကောက်ဝတ်ပြီး စတက်အင်္ကျီကိုအပေါ်မှထပ်ဝတ်လိုက်သည်။နောက်ပြီး အစိမ်းကွက်အစိပ်ပုဆိုးလေးကို ကောက်ဝတ်လိုက်သည်။ထို့နောက် စားပွဲပေါ်တွင် တင်ထားပေးသည့် နာရီကိုဝတ်ရင်း အာက်ထပ်သို့ဆင်းလာခဲ့တော့ အငယ်ကထမင်းစားခန်းထဲတွင် ထိုင်စောင့်နေသည်။
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....