မနက်အလင်းရောင်ခြည်က လိပ်ကာမှထိုးထွက်ကာ လင်္ကာ့မျက်နှာပေါ်တည့်တည့်ကျရောက်လာတော့ ဆက်မအိပ်နိုင်တော့ဘဲထလာခဲ့ရသည်။အိပ်ရာထတော့ လင်္ကာ့ဘေးကနေရာလေးသည်လစ်လပ်လို့နေခဲ့သည်။အရင်တုန်းကဆို ပုံမှန်နှိုးစက်သံကြားရပေမယ့် အခုနောက်ပိုင်း နှိုးစက်သံမကြားရသည်မှာ အတော်လေးကိုကြာနေခဲ့သည်။
'ဒီကောင်လေး နှိုးစက်မထားဘဲနဲ့တောင် နိုးနေတော့တာလား'
အိပ်ရာမှထကာ ဆံပင်များကိုတစ်ချက်ဖြစ်သလိုသပ်တင်လိုက်ရင်း ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။မနက် နည်းနည်းအေးနေသည်မို့ ရေကိုခပ်သွက်သွက်ချိုးကာ အဝတ်အစားလဲပြီး အောက်ထပ်သို့ဆင်းလာခဲ့တော့ ကောင်လေးက ထမင်းဝိုင်းတွင် ထိုင်ကာစောင့်နေလေသည်။
လင်္ကာအငယ့်အနားကိုသွားလိုက်ပြီး ခါးကိုင်းကာ နဖူးလေးကိုတစ်ချက်နမ်းလိုက်ရင်း မောနင်းဟုပြောလိုက်သည်။
"မောနင်း အငယ် မွှ"
"မောနင်း အကို"
မုန့်ကိုသာအာရုံစိုက်ရင်းဖြေလာသောအငယ့်ကိုကြည့်ကာ လင်္ကာသိချင်သည့်အကြောင်းအရာများကိုမေးကြည့်လိုက်မိသည်။
"အငယ်..."
"ဗျာ"
"အခုတလော နှိုးစက်သံသိပ်မကြားရသလိုဘဲနော်"
လင်္ကာမေးလိုက်တော့ အငယ်က ကိတ်ကိုလှီးပြီး လင်္ကာ့ပန်းကန်ထဲသို့ထည့်ရင်းပြန်ဖြေလာသည်။
"ဟုတ်တယ် အကိုရဲ့ ကျွန်တော် နှိုးစက်မထားတာ၂လ လောက်ရှိသွားပြီ နှိုးစက်မထားလည်း နိုးနေတာဆိုတော့လေ အဲ့တာနဲ့မထားဖြစ်တော့တာ"
"သြော် ဟုတ်ပါပြီ"
"ဒါနဲ့ အကိုက ဘာလုပ်ဖို့မေးတာလဲ နှိုးစက်သံကြားချင်လို့လား"
"မကြားချင်ပါဘူးဗျာ ဆူကဆူနဲ့ "
မျက်ခုံးကြီးရှုံ့တွန့်ရင်းဖြေလာသောအကိုကြောင့် ဆောင်းဦး ဟက်ဟက်ပက်ပက်ရီလိုက်မိသည်။အကိုဖြစ်သွားတဲ့ပုံစံက ရီချင်စရာကြီး။
"ကဲ ကောင်စုတ်လေး ရီမနေတော့နဲ့ စားတော့ ကိုယ်တို့ဒီနေ့ဒိတ်ကြမယ်လေ"
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....