အငိုမျက်လုံးနဲ့အပြုံးမျက်နှာကောင်လေးကို သူသိပ်ချစ်ရပါသည်။မျက်လုံးအိမ်ထဲတွင် မျက်ရည်ကြည်များပြည့်သိပ်နေသော်လည်း ရအောင်အမြဲပြုံးရှာသည်။သိပ်ကိုဟန်ဆောင်တတ်လွန်းတဲ့ကောင်လေး။
ငယ်ငယ့်ကိုမျက်ရည်ကျအောင်လုပ်သော ထိုလူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင်လုပ်ပစ်လိုက်ချင်သည်။
သို့သော် မြတ်ပိုင် အခုလုပ်လိုက်လျှင် ငယ်ငယ်မသိစေချင်သည့်အရာများ ပေါ်သွားမည်စိုး၍ ဒေါသစိတ်များကိုမြိုသိပ်ထားရသည်။ခဏအကြာကားမောင်းလိုက်တော့ နယ်ကိုရောက်သည်။အိမ်ရှေ့ကိုရောက်သည်နဲ့ ကားဟွန်းတစ်ချက်နှစ်ချက်လောက်တီးလိုက်တော့ အိမ်အကူမလေးကထွက်လာပြီး ခြံတံခါးဖွင့်ပေးသည်။ခြံထဲထိ ကားမောင်းဝင်လိုက်ပြီး ကားကိုစက်သတ်လိုက်ကာ အဝတ်ထုတ်ကိုချသည်။ထို့နောက် အဝတ်ထုတ်ကိုဆွဲကူပြီး ငယ်ငယ့်ပုခုံးကိုင်ကာ ကိုယ့်ကိုအားပြုစေပြီး ချော်မလဲစေရန်ထိန်းလျှောက်စေလိုက်သည်။အိမ်တံခါးဝရောက်တော့ အိမ်ပေါ်တွင်နေသည့်တူငယ်လေးက တံခါးအနားအထိရောက်လာပြီး မြတ်ပိုင်အနားသို့ပြေးလာသည်။
"ဖွားဖွားရေ ဦးပိုင်လာတယ်"
ထိုသို့အော်ပြီး မြတ်ပိုင်ဘေးမှငယ်ငယ့်ကိုမြင်သွားတော့ အသံကုန်အော်ပြီး ဧည့်ခန်းရှိရာသို့ပြေးဝင်သွားသည်။
"ဦးပိုင်က မိန်းမခိုးလာခဲ့တာကြီး.!!"
မဟုတ်တမ်းတရားတွေအော်ကာပြေးသွားသော တူလေးကို ခြေနှစ်ချောင်းကနေသာဆွဲပြီးကိုင်ပေါက်လိုက်ချင်သည်။
ကိုယ့်အမ၏သားဖြစ်သူအော်သံကြောင့် ဧည့်ခန်းထဲတွင် TVထိုင်ကြည့်နေကြသည့်တစ်ဆွေမျိုးလုံးက မြတ်ပိုင်တို့ရှေ့သို့ရောက်လာကြသည်။
မေမေက မြတ်ပိုင်ကိုကြည့်ပြီး လက်မောင်းကို လက်သည်းဖြစ်လာဆိတ်သည်။
"ဟဲ့ကောင်လေး ယူချင်ရင်လည်း ယူချင်တယ်ပြောပါလား လိုက်တောင်းပေးမှာပေါ့ အခုတော့ ဒီအခြေအနေအထိဖြစ်အောင်လုပ်ခဲ့ရလားဟဲ့"
ဘာဖြစ်လာလဲအရင်မမေးဘဲ အထင်တွေဖြင့်ဆူပူနေသောမေမေကြောင့် မြတ်ပိုင် မျက်နှာရှုံ့မဲ့ရင်း ငယ်ငယ့်ကိုအားနာသွားရသည်။ငယ်ငယ့်ကို အကုန်လုံးက မိန်းခလေးဟုထင်နေကြပုံပင်။နောက်ပြီး ဗိုက်ကလည်း အတော်ထွက်နေပြီမို့ အားလုံးက အထင်လွဲနေကြခြင်း။
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....