ဒီနေ့က ဆောင်းဦးတို့ မင်္ဂလာသက်တမ်း၁လပြည့်သည့်နေ့ဖြစ်သည်။၁လအတိုင်းအတာဆိုပေမယ့် အကိုနဲ့အတူဖြတ်သန်းခဲ့ရ၍ ရက်ပေါင်းများစွာ၊ အချိန်ပေါင်းများစွာဟာတိုလွန်းသည်လို့ခံစားရသည်။ဒါပေမယ့် နောက်နှစ်ပေါင်းများအထိ အကို့အနားမှာရှိနေရမှာမို့ ရက်ပေါင်းတိုလွယ်လည်း ကိစ္စမရှိ။အဓိက ကအကို့ဘေးနားတွင် ရှိနေရရင် အရာအားလုံးပြည့်စုံပြီဖြစ်သည်။
မင်္ဂလာသက်တမ်း၁လပြည့်သည်ကို နောင်နှစ်ပေါင်းများစွာထိပေါင်းသင်းနိုင်အောင် ဘုရားတွင် ပန်းရေချမ်းကပ်ကာ ဆုတောင်းဖို့ကြံရွယ်ထားသည်။ဒါကြောင့် အခန်းထဲသို့နေရောင်ကျလာသည်အထိ အိပ်ရာမထသေးသော အကို့ကိုနှိုးရပါတော့သည်။
"အကို ထတော့လေ "
"အင်း ထပြီ အငယ်"
အကိုသည် အိပ်ရေးသိပ်ဆတ်သည်။ဘယ်လောက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါစေ တစ်ခါနှစ်ခါ ခေါ်နှိုးရုံနဲ့နိုးသည်။အိပ်ရာမှထကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။
ဆောင်းဦးလည်း အကို့ကိုကြည့်ပြီး ဗီဒိုနားသို့သွားကာ အဝတ်ရွေးထားလိုက်သည်။နှစ်ယောက်ဆင်တူ ကောင်းကင်ပြာရောင် စတက်နှင့် ပုဆိုးကိုလည်းထိုအရောင်အတိုင်းသာရွေးချယ်သည်။ခါးကိုသဘက်ပတ်ကာ ရေချိုးခန်းထဲမှ ထွက်လာသော အကို့ကို ကျွန်တော်လှမ်းမေးလိုက်သည်။"အကို ဒီနေ့က ဘာနေ့လဲ သိလား"
အငယ်က သွေးတိုးစမ်းသလိုလေးမေးတော့ အငယ့်ကိုစချင်လာသည်မို့ စားပွဲပေါ်တွင်တင်ထားသည့်ဖုန်းကိုဖွင့်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ဒီနေ့က အင်္ဂါလေ အငယ်ရဲ့"
အဖြေကိုကြားသည်နဲ့ နှာခေါင်းရှုံ့ကာ အဝတ်အစားများကို ဗီဒိုထဲသို့ပြန်ထည့်ရင်း ပါးစပ်မှလည်း တစ်တွတ်တွတ်ဖြင့်ရေရွတ်နေသေးသည်။
"ဟေ့ ဝတ်ဖို့ထုတ်ထားတာမဟုတ်ဘူးလား ဘာလို့အထဲကို ပြန်ထည့်နေတာတုန်း"
"ဝတ်ဖို့မှမလိုတော့တာ ဝတ်လည်းမဝတ်ချင်တော့ဘူး ကိုယ့်ဘာသာအောက်မှာဘဲသွားနေတော့မယ်"
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....