အပိုင်း ၂၁

548 17 0
                                    

ဆောင်းဦး နမ်းလိုက်တော့မှ အကိုက ခပ်ပြုံးပြုံးလုပ်ရင်း အကြည့်ချင်းဆုံစေသည်။

"အငယ် ကိုယ်တို့ မနက်ဖြန်ဒိတ်ကြမလား"

"ဟမ် ဘာကြီး..."

ဆောင်းဦး အကို့စကားကိုနားမလည်၍မေးခြင်းမဟုတ်။ရုတ်တရက်မို့ နားကြားများမှားလေသလားဆိုသည့်အတွေးဖြင့် မေးခြင်းသာဖြစ်၏။

"ကိုယ်တို့ မနက်ဖြန် ဒိတ်ကြမယ်"

သေသေချာချာ လေးလေးနက်နက်ပြန်ပြောလာသောအကိုကြောင့် စနေတာမဟုတ်ဘဲ အမှန်တကယ်ပြောနေသည်ဆိုသည်ကို သိလိုက်သည်။ဒါကြောင့် ဆောင်းဦး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"အကို့သဘောလေ "

"အကို့သဘောဆိုတော့ မင်းကမဒိတ်ချင်ဘူးဆိုတဲ့သဘောလား"

စကားအထအနကောက်ပြီး စနောက်နေသောအကိုသည် ဆောင်းဦး အမြင်တွင်တော့ကလေးတစ်ယောက်ပမာ သိပ်ကိုဖြူစင်လွန်းလှသည်။

"ဒိတ်ချင်တာပေါ့ အကိုရဲ့ အကိုနဲ့အတူတစ်နေ့လုံးလျှောက်လည်ချင်တယ် ဟောဒီဗိုက်ထဲက ကလေးလေးနဲ့အတူပေါ့"

ဆောင်းဦး ဗိုက်ကလေးကိုပွတ်ရင်းပြောလိုက်တော့ အကိုက ဆောင်းဦး လက်ပါ်မှထပ်၍ဗိုက်ကိုကိုင်လာသည်။

"အင်း ကိုယ်တို့ကလေးလေးနဲ့အတူတူ family dateပေါ့"

ဗိုက်ကလေးကိုနူးနူးညံ့ညံ့ကိုင်ရင်းပြောလာသောအကိုကြာင့် ဆောင်းဦး အကြည့်ချင်းဆုံကာ နှစ်ယောက်သားပြုံးလိုက်မိကြသည်။

"အငယ် နေ့လည်စာစားကြရအောင်လေ အငယ်ထမင်းစားနောက်ကျလို့မဖြစ်ဘူး"

စိုးရိမ်စိတ်နဲ့ပြောလာသောအကို့စကားကို ဆောင်းဦး လက်ခံကာ ထမင်းချိုင့်ကိုသွားယူလိုက်သည်။နှစ်ယောက်သား ထမင်းချိုင့်ဖွင့်ကာစားသောက်ရန်ပြင်နေချိန်မှာဘဲ ဖုန်းသံကဟိန်းခနဲမြည်ထွက်လာသည်။

လင်္ကာထိုဖုန်းringtoneသံသည် သံသာ့ဖုန်းringtoneသံဆိုသည်ကို သိလိုက်တော့ ပါးစပ်မှလွှတ်ခနဲထွက်သွားရသည်။

"သံသာ..."

ပါးစပ်က လွှတ်ခနဲထွက်မိပြီးမှ အငယ့်မျက်နှာရိပ်ခြေကိုကြည့်ပြီး စိတ်အစုံကိုပြန်ထိန်းရသည်။ကိုယ်က သူ့အပေါ်စိတ်မရှိတော့ပေမယ့် ဖုန်းသိပ်ခေါ်လေ့မရှိသည့်သံသာကခေါ်လာသည်မို့ ဘာကိစ္စလဲဆိုသည့်အတွေးဖြင့် ပါးစပ်မှထွက်သွားမိသော်လည်း အငယ်ကထိုသို့ထင်မည်မဟုတ်။ဒါကြောင့် အငယ့်မျက်နှာကိုသေချာအကဲခတ်ကြည့်တော့ အငယ်က ဘာမှဖြစ်ဟန်မပြုသည်မို့ doctor coatထဲမှ ဖုန်းကိုသွားထုတ်ကာ ဖုန်းဖြေလိုက်သည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now