အပိုင်း ၂

1K 27 0
                                    

ဆောင်းဦး  အိမ်ထဲဝင်ခဲ့တော့ အဖွားတို့စိုးရိမ်တကြီးလှမ်းကြည့်သည်။
ဆိုဖာပေါ်ဝင်ထိုင်လိုက်ပြီး ခေါင်းခါပြလိုက်ရင်း

"စဥ်းစားအုံးမယ်တဲ့"

အဖြေကို အားမလိုအားမရဖြစ်သည့်ဟန်ဖြင့် အဖွားက အားရပါးရပြောဆိုသည်။

"ဒီကလေးနှယ် ဘာတွေကိုစဥ်းစားနေအုံးမှာလဲ ၊ လူကြီးတွေက ကောင်းစေချင်လို့စီစဥ်ပေးတာကို ၊ ဒင်းကလက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ် မိုက်လိုက်တဲ့ကလေး"

"အဖွားရယ် သိပ်တွန်းအားမပေးပါနဲ့တော့နော် ၊ သူ့ဆန္ဒမပါဘဲဘာမှမလုပ်စေချင်ဘူး အိမ်ထောင်ရေးမှာ ကာယကံရှင် ဆန္ဒမပါရင် ပျက်စီးဖို့ကလွယ်ကူတယ် ၊ ဒါကြောင့် သူ့အဖြေကို ကျွန်တော်စောင့်ကြည့်ချင်သေးတယ် ၊ သူ့အဖြေဘာဘဲဖြစ်ဖြစ် ကျွန်တော်လက်ခံမှာပါ"

"ပြောမရလည်း ​ကြိုက်သလိုသာနေကြတော့ဟေ့"

အဖွားသည် ဒေါသတစ်ကြီးဖြင့် အပြင်ဘက်တွင်နေသည့်အကိုကြားအောင် တမင်အော်ပြောကာ မိချိုအကူအညီဖြင့် အခန်းတွင်းသို့ ဝင်သွားသည်။

ဆောင်းဦး  သက်ပြင်းချရင်းဖြင့်သာ အဖွားကိုကူတွဲလိုက်ပြီး အိပ်ခန်းထဲသို့ဝင်သည်။
ထို့နောက် အဖွားခြေထောက်များကို ရေနွေးနွေးလေးဖြင့် ဆေးပေးပြီး ခြေသလုံးများကို ဆုပ်နှယ်ပေးသည်။
အဖွားအိပ်ပျော်သွားတော့မှ အဖွားကိုစောင်ပါးပါးလေးဖြင့် ခြုံပေးလိုက်ပြီး အခန်းတံခါးကို အသာဟကာ ဧည့်ခန်းရှိရာသို့ချောင်းကြည့်သည်။
ဧည့်ခန်းထဲတွင် မည်သူမျှမရှိတာသေချာမှ အခန်းတံခါးဆွဲဖွင့်ပြီး အခန်းပြင်ထွက်လာခဲ့လိုက်သည်။
ထို့နောက် အိမ်တံခါးမကြီးအဝတွင် အသာလေးခေါင်းလျှိုကာ ကြည့်လိုက်မိသည်။

ကိုဇေးလက်ာထွန်းသည် ခြံဝန်းထဲတွင်ထိုင်ကာ ဆေးလိပ်သောက်နေသည်။
ကြည့်ရတာတစ်လိပ်မကတော့ဘူးထင်ပါရဲ့။
ဘီယာဘူးခွံများကလည်း အောက်တွင်ကျနေသည်။
သူ့ကိုကြည့်ပြီး ဆောင်းဦး သက်ပြင်းချလိုက်မိသည်။

နောက်ပြီး သတိထားမိလိုက်တာက သူ့ပုခုံးများကတုန်နေသည်ဟူ၍ပင်။
'သူ ငိုနေတာလား'
စဥ်းစားကြည့်လိုက်တော့မှ ထိုသူ့အချစ်ဦးကို သွားသတိရမိသည်။
'အချစ်ဦးကို လွမ်းလို့ငိုနေတာပေါ့'

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now