ဒီနေ့က အသိတစ်ယောက်၏ကလေးမွေးနေ့သွားစရာရှိသည်ဟူ၍ ပြင်ဆင်နေခြင်းပင်။အကိုကတော့ အစောနကမှအိပ်ရာထသွားကာ ရေချိုးခန်းထဲဝင်သွားလေသည်။ဆောင်းဦးဗိုက်ကလေးကိုထိန်းကိုင်ရင်း ကုတင်ပေါ်ထိုင်ချပြီးနောက် စောင်များကိုသိမ်းဆည်းသည်။ဆောင်းဦးသိမ်းဆည်းနေချိန် အကိုရောက်လာပြီး ဆောင်းဦးကို ပြောပါတော့သည်။
"အငယ် မင်းဘာလို့ စောင်တွေခေါက်နေတာလဲကွာ ကိုယ်ခေါက်မှာပေါ့ အငယ်ရဲ့ မင်းကထိုင်ရထရခက်တယ်လေကွာ"
ဆောင်းဦးလက်ထဲမှ စောင်ကိုဆွဲယူပြီး ခေါက်ရင်းပြောလာသည်။
"စောင်ခေါက်တာလောက်နဲ့ ဘာမှမဖြစ်ပါဘူး အကိုရယ်"
"တော် တော် နောက်ကို မခေါက်ရဘူး တစ်ခုခုဖြစ်သွားရင် ဘယ့်နှယ်လုပ်မလဲကွ ဟင်"
"အင်းပါ နောက်မလုပ်တော့ဘူးနော်"
ဆောင်းဦးဆီကအဖြေကိုကြားရတော့မှ အကို့မျက်နှာက ပြန်ပြုံးလာပြီး ဆောင်းဦး ခါးကိုနောက်ကနေသိုင်းဖက်လာသည်။
"မောနင်း အငယ်"
"မောနင်းပါ အကို"
ဆောင်းဦး "မောနင်း"ဟုပြန်ပြောလိုက်တော့ အကိုက ပါးကိုတစ်ချက်မွှေးကြူလာသည်။
"အကို အဝတ်ဝတ်တော့လေ ကျွန်တော်တို့ အမသံသာရဲ့ကလေးမွေးနေ့သွားရမှာဆို"
"အင်း ဒါဆို ကိုယ်အဝတ်ဝတ်လိုက်အုံးမယ်နော်"
"ဟုတ်ကဲ့"
ဆောင်းဦး ကုတင်ပေါ်တွင်ထိုင်နေရင်း အကိုအဝတ်အစားလဲသည်ကိုကြည့်နေလိုက်သည်။အကိုက အဝတ်လဲပြီးသွားတော့ ဆောင်းဦးဘက်ပြန်လှည့်လာကာ လက်ကိုဆွဲပြီး အောက်သို့ဆင်းသည်။
နံနက်စာမစားဘဲသွားမည်ဟုဆိုလာသောကြောင့် ကားပေါ်တက်ကာ babe storeသို့သွားကြသည်။နောက်ပြီး အဆင်ပြေမည့် ကလေးပစ္စည်းတစ်ခုကိုရွေးချယ်ကာ မွေးနေ့ပါတီသို့ရောက်လာခဲ့ကြသည်။
ပါတီရောက်တော့ ကလေးလက်ထဲသို့ လက်ဆောင်ထည့်ပေးပြီး မွေးနေ့ဆုတောင်းပေးလိုက်သည်။
"Happy Birthday ပါ ကောင်လေး"
"ဝုတ် ဥဥ ကျေးကျူးတင်ပါရယ်"
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Randomလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....