အပိုင်း ၁၀

722 20 5
                                    

ဇေးလက်ာထွန်း အိပ်ရာနိုးတော့ အငယ့်ကိုကြည့်လိုက်မိသည်။
ညကသိပ်ကိုပင်ပန်းသွားခဲ့လို့နဲ့တူပါသည်။
ကောင်လေးသည် ကယောင်ကတမ်းပင်ငြီးနေခဲ့သည်။

ဇေးလက်ာ နဖူးပြင်ကိုစမ်းကြည့်တော့ အသာများပူချစ်နေတာကို ခံစားလိုက်ရသည်။
မဖြစ်သေးဘူး ဆန်ပြုတ်တိုက်ပြီးဆေးတိုက်မှဖြစ်မယ်။
ပထမဦးဆုံးအကြိမ်မို့ နေမကောင်းဖြစ်သွားသည်ထင်ပါသည်။
အငယ့်နုဖူးပြင်လေးကို ခပ်ဖွဖွနမ်းကာ အောက်သို့ဆင်းလာပြီး ဆန်ပြုတ်ပြုတ်လိုက်သည်။
ဆန်ပြုတ်ရသည်နဲ့ အပေါ်ထပ်သို့တက်ကာ အခန်းတွင်းသို့ ပြန်ဝင်ပြီး

"အငယ် ထအုံးနော် အငယ်.."

"ဟင် ဟင်"

ဇေးလက်ာထွန်း အငယ့်ကိုနှိုးလိုက်တော့ ကယောင်တမ်းဖြင့်ထူးလာသည်။

"ထတော့နော် ကိုယ်မျက်နှာသစ်ပေးမယ်"

အငယ်က ဟုတ်ဟုစကားပြောလိုက်ပါသော်လည်း အသံကထွက်မလာတော့ချေ။
အငယ့်ကိုဆွဲထူကာ ကုတင်ရင်းကိုမှီထိုင်စေပြီး
ရေချိုးခန်းထဲက ရေတစ်ခွက်ယူကာ အငယ့်ကိုမျက်နှာသစ်ပေးလိုက်သည်။
ထို့နောက် မျက်နှာသုတ်ပဝါယူပေးကာ မျက်နှုသုတ်ပေးလိုက်ပြီး ဆန်ပြုတ်ပန်းကန်ကိုကိုင်ကာ အငယ့်ကိုခွံ့လိုက်သည်။

၁၀ဇွန်းလောက်သောပြီးသည့်အချိန်မှာတော့ အငယ်က လက်ဖြင့်တားလာသည်။

"တော်ပြီ အကို "

"သောက်ပါအုံး အငယ်ရဲ့"

"ဟင့်အင်း တော်ပြီ မသောက်တော့ဘူး ဆေးဘဲပေးပါ"

ဆေးယူကာ အငယ့်လက်ထဲသို့ထည့်ပေးလိုက်ပြီး ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။

ဆောင်းဦး အကို့လက်ထဲမှ ဆေးနှင့်ရေခွက်ကိုယူကာ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
ထို့နောက် အကို့အကူအညီဖြင့် အိပ်ရာထက်သို့ပြန်လှဲကာ မှေးစက်သည်။
အကိုသည်လည်း ဆောင်းဦး အနားသို့ဝင်လှဲကာ ဆောင်းဦးအားဖက်ပြီး မှေးစက်သည်။

••••••

ဆောင်းဦး နိုးတော့ ကိုယ်ပူတွေကျကာ အတော်လေးသက်သာနေပြီး ပေါ့ပါးနေသည်။
တင်းကြပ်စွာဖက်ထားသည့်အကို့ကို တွန်းဖယ်ကာ ထလိုက်သည်။
ထို့နောက် ရေချိုးခန်းထဲဝင်ကာ ပေါ့ပါးလန်းဆန်းသွားအောင် ရေချိုးပစ်လိုက်သည်။
ဆောင်းဦး ရေချိုးပြီး၍အပြင်ကိုထွက်ခဲ့တော့ အကိုကလည်း အိပ်ရာထကာ ကုတင်ပေါ်တွင်ထိုင်နေသည်။
ဆောင်းဦး အကို့နဲ့မျက်လုံးချင်းမဆုံရဲပါ။
ညတုန်းဖြစ်ခဲ့သည့်အရာများသည် တရိပ်ရိပ်တိုးဝင်လာသည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now