အပိုင်း ၆

717 22 0
                                    

ဆောင်းဦး  အကို့ကို နှစ်သိမ့်တော့ အကိုမှ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြရင်း

"ကျေးဇူးတင်ပါတယ် အငယ် ကိုယ့်အနားမှာရှိပေးလို့"

ကျေးဇူးတော့တင်လို့ရပါတယ်အကို။
ဒါပေမယ့် အကို့အချစ်ဦးကို မေ့နိုင်သွားတဲ့အချိန်မှာ ဆောင်းဦး  ကိုတော့ မစွန့်ပစ်လိုက်ပါနဲ့ အကို။
အဲ့လိုဆို ဆောင်းဦး  ကလည်း အကို့ကို အင်မတန်ကို ကျေးဇူးတင်မိမှာပါ။

"ကိုယ် သူ့ကိုမေ့ဖို့ကြိုးစားနေပါတယ် ကိုယ့်ကို ခဏစောင့်ပေးပါနော် ခဏပါဘဲ"

အကို့ကို ဆောင်းဦး  ငေး၍သာကြည့်နိုင်တော့သည်။
လူတစ်ယောက်ကိုချစ်ဖို့မကြိုးစားနိုင်သလို မ့ဖို့လည်းမကြိုးစားနိုင်ဘူးဆိုတာ အကို မသိလေရော့သလား။

အရာအားလုံးအတွက် အချိန်တစ်ခုသာလိုသည်။
အကို သူမကို အမြန်ဆုံးမေ့ဖို့ သိပ်မကြိုးစားပါနဲ့ အကို။
ဟောဒီက အကြွေးပန်းကို ကောက်ယူထားမိတဲ့ဆောင်းဦးက အကြွေးပန်းကလေး ညှိုးနွမ်းသွားကို စိုးရိမ်လို့ပါအကို။

"ကျွန်တော် အဖော်လုပ်ပေးပါ့မယ် ညနက်ရင် ကျန်းမာရေးအတွက်မကောင်းဘူးလေ အိပ်စို့နော်"

လေသံကလေးခပ်အေးအေးဖြင့် ဆိုလာသော အငယ်စကားကို နားထောင်ကာ မွေ့ယာပေါ်လဲလျောင်းလိုက်သည်။
အငယ့်ကိုကြည့်လိုက်တော့လည်း အငယ်က မျက်နှာမကောင်းပါ။
အင်းလေ ကိုယ့်ခင်ပွန်းလောင်းက အကြောင်းပြချက်မရှိ ငိုနေမှတော့ ဘယ်မျက်နှာကောင်းပါ့မလဲ။
ကိုယ်သူမကို မေ့နိုင်သွားတဲ့အခါ အငယ့်ကို အတိုးချဂရုစိုက်ပေးပါ့မယ် အငယ်။

ထိုကောင်လေးကိုရင်ခွင်ထဲထည့်ကာ မှေးစက်တော့သည်။
ဒီညတော့ သူ ချောင်တစ်ချောင်မှာကပ်ငိုစရာမလိုတော့ဘူးဘဲ။
ဇေးလက်ာစိတ်သက်သာရသလို သက်ပြင်းချလိုက်ရင်း ရင်ခွင်ထဲမှကောင်လေးကို ငုံ့ကြည့်လိုက်မိသည်။
အဖော်လုပ်ပေးမည်ဟုဆိုခဲ့သောကောင်ကလေးသည် ခေါင်းနဲ့ခေါင်းအုံးထိတွေ့လိုက်သည်နဲ့ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ဇေးလက်ာ အငယ့်နဖူးပြင်ကလေးကို တပ်မက်စွာနမ်းရှိုက်လိုက်ရင်း

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now