အပိုင်း ၁၆

569 19 0
                                    

ရှည်လျားလှပါတယ်ဆိုသည့်တစ်နေ့တာကချက်ခြင်းပင်ကုန်ဆုံးသွားပြီး လမင်းကြီးထွက်ပေါ်လာကာ ညအချိန်သို့ရောက်လာသည်။

ဆေးရုံခြံဝန်းထဲတွင် ဒေါက်တာတွေအကုန်စုံနေပြီဖြစ်သည်။အစားအသောက်တွေမအေးခင်မှာဘဲ ဝိုင်းဖွဲ့ကာစားသောက်လိုက်ကြသည်။စားသောက်ပြီးသည်နဲ့လုပ်သက်အရင့်ဆုံး စီနီယာက ခုံမှထ၍ပြောကြားသည်။

"ဒေါက်တာ့အတွက်လည်း အမှတ်တရဖြစ်သွားအောင် နှုတ်ဆက်လက်ဆောင်လေးတွေနဲ့နှုတ်ဆက်စကားလေးတွေ အပြန်လက်ဆောင်ပေးလိုက်ကြရအောင် ဒီဘက်ကနေစလိုက်ကြတာပေါ့"

ညဘက်ဆုံးမှတစ်ယောက်ထကာ မျည်ရည်ဝဲတဲတဲဖြင့် နှုတ်ဆက်စကားဆိုသည်။

"ဒီနှစ်တွေအတွင်း ဒေါက်တာ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ရလို့ အရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ် ပြီးတော့ ဆေးရုံနာမည်အပျက်မရှိဘဲ ဆရာဝန်တစ်ယောက်ရဲ့ကျင့်ထုံးတွေနဲ့ကိုက်ညီအောင် ပြည်သူတွေကိုကူညီပေးဖို့ရှေ့မှလမ်းပြပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

တစ်ယောက်ကပြောပြီး၍ထိုင်တော့ ဒေါက်တာကလည်းပြုံးကာ ကျေးဇူးတင်စကားဆိုသည်။နောက်တစ်ယောက်ထလာပြီး နှုတ်ဆက်စကားဆိုသည်။

"ဒေါက်တာနဲ့အတူ ပရဟိတအဖွဲ့အဖြစ်ပါဝင်လှုပ်ရှားခဲ့ရလို့ အရမ်းလည်းဝမ်းသာပါတယ် ဒေါက်တာနဲ့အတူရှိခဲ့ရလို့လည်း ပျော်ပါတယ် ပြီးတော့ အလုပ်အပ်တုန်းက ဘယ်ဆေးရုံကမှလက်မခံပေမယ့် ဒေါက်တာကလက်ခံပေးတာမို့ ပိုပြီးတော့ကျေးဇူးတင်ပါတယ် မဖြစ်နိုင်မှန်းသိပေမယ့် ဒေါက်တာပြောတဲ့ကျန်နေတဲ့အချိန်၁နှစ်ခွဲထက်ကို ပိုပြီး အသက်ရှည်စေချင်ပါတယ် "

ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်စကားပြောပြီးချိန်တွင် ​ဒေါက်တာအလှည့်သို့ရောက်လာသည်။

"အားလုံးပြောခဲ့သလိုပါဘဲ မင်းတို့နဲ့အတူလက်တွဲပြီးလုပ်ခဲ့ရလို့ အများကြီးဝမ်းမြောက်ပျော်ရွှင်မိပါတယ် ဒီကလူငယ်တွေက ဘာပြောပြော စိတ်မနာတတ်သလို ပျော်ပျော်နေတတ်ပြီးအေးချမ်းတဲ့လူငယ်လေးတွေပါ မင်းတို့နဲ့အတူရှိခဲ့ရလို့အရမ်းလည်းပျော်ရွှင်ခဲ့ရပါတယ် ပရဟိတအလုပ်တွေကိုလည်း ဆက်ပြီးလုပ်သွားကြပါ ဆေးရုံနာမည်ကိုလည်းဆက်ပြီးထိန်းသိမ်းသွားကြပါ ပိုပြီးစည်းစည်းလုံးလုံးရှိပေးကြပါ လူနာတွေကို တာဝန်ဆိုတာထက် စေတနာတွေနဲ့ကုသပေးပါ ကျွန်တော်လည်း တစ်ခါတစ်လေကျရင်အလည်လာခဲ့ပါ့မယ် အားလုံးကိုဒီနေရာကနေဘဲ နှုတ်ဆက်လိုက်ပါတယ် နောင်နေ့များစွာမှ ထပ်ဆုံကြရအောင်"

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now