မနက်မိုးလင်းတော့ ကြားနေကြနှိုးစက်သံကမကြားရသည်မို့ ဆောင်းဦး ဆက်အိပ်နေမိသည်။နောက်မှ နှိုးစက်မထားတော့သည်ကိုသတိရပြီး ကဗျာကယာ ထလိုက်မိသည်။
"ဟင် သွားပြီ"
ဖုန်းနာရီကိုကမန်းတမ်းကောက်ကြည့်လိုက်တော့ မနက်၈နာရီပင်ရှိနေလေပြီ။
ဆောင်းဦး အိပ်ရာထနောက်ကျလေပြီ။သူများအိမ်တွင် နေ,နေရသည်မို့ စောစောပိုထရမည်ဟု ညကတွေးထားသမျှသည် အချည်းနှီးသာ။
မွေ့ယာပေါ်မှအမြန်ထပြီး ရေချိုးလိုက်သည်။ထို့နောက် အင်္ကျီကိုခပ်မြန်မြန်ဝတ်လို့ မှန်ရှေ့ရပ်ကာ ဆံပင်များကိုဖြီးသင်လိုက်သည်။
ခေါင်းဖြီးနေရင်းတွေးလိုက်မိသည်က ဆံပင်အရှည်ထားရတော့မည်ဟူ၍။
ဘီးကို သွက်သွက်ပြန်ချပြီး အောက်ကိုဆင်းလာခဲ့တော့ လူအတော်စုံနေချေပြီ။
ကိုယ်ကိုကျို့လို့ အများကြားထဲဝင်ထိုင်ကာ အားနာစကားဆိုလိုက်မိသည်။"အားနာလိုက်တာ အန်တီရယ် သမီး ညက ပစ္စည်းတွေနေရာချနေတာနဲ့အိပ်ရာဝင်နောက်ကျသွားတာ မနက်ကျတော့ မနိုးတော့ဘူးရယ် သမီးဘာလုပ်ကူရအုံးမလဲ"
"အို မလိုဘူး သမီး ရတယ် အိမ်မှာက ဘာမှထွေထွေထူးထူးလုပ်စရာမရှိဘူးရယ် သက်သက်သာသာနေ သမီးဗိုက်ကရော မွေးပါးနီးလက္ခဏာပြလာပြီလား"
"ဗျာ....အဲ...ရှင်"
အန်တီပြောသောမွေးပါးနီလက္ခဏာဆိုသည်များကို ဆောင်းဦး နားမလည်ပါ။
"သမီး ဒါတွေမသိဘူးလား"
"သမီးမှာ မိဘတွေမရှိတော့ပါဘူး အဖွားနဲ့ဘဲနေတာပါ အခုက အဖွားကလည်း တရားစခန်းဝင်သွားတော့ သမီးကိုအဲ့တာတွေပြောပြမယ့်သူမရှိဘူး အန်တီ"
"အို အန်တီပြောပြမယ် ဘာမှမပူနဲ့ မွေးပါးနီလက္ခဏာဆိုတာ မွေးချင်သလိုမျိုး ဗိုက်ခဏခဏနာတာမျိုုးတွေ နောက်ပြီးတော့ ခြေတွေလက်တွေဖောယောင်မယ် အဲ့လိုမျိုးကိုပြောတာ သမီးရဲ့"
အန်တီပြောသလို ဆောင်းဦးဖြစ်နေတာမို့ အန်တီ့ကိုပြောပြလိုက်သည်။
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
De Todoလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....