ဆိုဖာတွင် လှဲကာမိန်းနေသောအငယ့်ကို ဂျူတီကုတ်ထပ်ကာခြုံပေးလိုက်ပြီး သားလေးရှိသည့်အခန်းသို့လာခဲ့လိုက်သည်။လင်္ကာ သားလေးအနားရောက်သွားပြီးမည်မျှမကြာလိုက်။သားလေးက မျက်လုံးများကို လက်သေးသေးလေးဖြင့် ပွတ်သပ်ကာ သူ့အဖေကိုမေးလာတော့သည်။
"အင့် ဖေရီး ဖေဖေရော..."
သားလေးကို ကောက်ချီလိုက်ရင်း မငိုဖို့ရာချော့လိုက်ရသည်။
"ဖေဖေ့ဆီကို ဖေရီးလိုက်ပို့မယ်နော် ၊ မငိုနဲ့ "
ပြောရင်း ချီကာ အငယ်ရှိသည့်နားနေခန်းထဲသို့ဝင်ခဲ့လိုက်သည်။နောက်ပြီး အငယ့်ဘေးနားချပေးလိုက်တော့ သားက အငယ့်ရင်ခွင်ထဲသို့တိုးဝင်သည်။
"ဖေဖေ...အိပ်"
"အင်း ဖေဖေအိပ်နေတာ အငဲ"
သားက သူ့ဖေဖေအိပ်နေသည်ကိုသိတော့ ငြိမ်ငြိမ်လေးထိုင်နေရှာသည်။ဆောင်းဦး သူတို့သားအဖအပြန်အလှန်ပြောသည်များကိုကြားနေရပါသည်။ အိပ်နေတာမဟုတ်ဘဲ မှိန်းနေတာမို့ သားလေးကိုဒီအတိုင်းမထားနိုင်ပြန်။အနည်းငယ်ထကာ သားကိုရင်ခွင်ထဲပွေ့ထားလိုက်မိသည်။
"ဖေရီး...ဖေဖေ..နိုး"
ဆောင်းဦးနိုးသည့်အကြောင်းကို သူ့ဖေရီးဆီသတင်းပင်ပြန်ပို့နေသေးသည်။
"အငယ် နေ့တစ်ပိုင်းခွင့်ယူလိုက်မလား ၊ ကိုယ်တို့မိသားစု အတူလျှောက်မလည်ရတာကြာပြီလေ"
အကိုပြောတော့လည်း ဟုတ်သည်။သားလေးကြီးထဲက တစ်ခါမှလျှောက်မလည်ရသေး။မိသားစု၏နွေးထွေးမှုကို သားလေးအားအပြည့်အဝရစေချင်သည်မို့ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို ထ ပြန်ကြရအောင် ၊ အိမ်မှာ ရေချိူးအေးဆေးနားပြီးမှ family dateကြတာပေါ့"
လင်္ကာပြောသည်ကိုကြားတော့ သားကလက်ခုပ်တီးကာ တစ်စွန်းတစ်စလိုက်ပြောလာသည်။
"ဒိတ်...ဒိတ်.."
စကားတွေတတ်လွန်းသောသားလေးကို ကောက်ယူပွေ့ချီလိုက်ပြီး လက်တစ်ဖက်ဖြင့် အငယ့်ကိုယ်ကို ထိန်းကာတွဲကူရသည်။သူ့ဘာသာလမ်းလျှောက်နိုင်သည်ဆိုသော်လည်း မတော်တဆချော်လဲသွားမည်ကိုစိုးရိမ်သဖြင့် တွဲကူထားခြင်းပင်။ဆေးကောင်တာရှေ့ရောက်တော့မှ အကူnurseမလေးကိုမှာထားခဲ့လိုက်သည်။
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
Diversosလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....