အပိုင်း ၁၄

606 22 0
                                    

"အဟင့် အကိုက ငါ့ကိုဘာလို့မချစ်တာလဲ အဟင့် ဟင့် နည်းနည်းလေးတော့ချစ်သင့်ပါတယ် အကိုက ငါ့ကိုမလိုအပ်ဘူးလား ငါ့ကိုမလိုချင်ဘူးလား ငါ့ကိုထားသွားမှာလား "

အဖြေမရှိသောမေးခွန်းပေါင်းများစွာက ဆောင်းဦးရင်ကို နာကျင်စေသည်။
အကို့နှလုံးသားကို ပိုင်ဆိုင်ချင်တယ်။

ငိုရလွန်း၍ မျက်လုံးများဖြင့်ကျိန်းစပ်လာသည်။အခုရက်ပိုင်း မငိုရတော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတာ နောက်ဆုံးတော့လည်း ကိုယ့်နေရာကိုယ်ပြန်ရောက်ပြီး ချောင်တစ်ချောင်ကပ်လို့ငိုရတာပါဘဲ။
အောက်ခြေလွတ်ပြီး ကိုယ့်နေရာကိုယ်မေ့ရတယ်လို့။

ရေထဲစိမ်တာကြာသွားတော့ အသားများကထုန်လာသည်။ဒါလည်း ဆောင်းဦးမထဖြစ်သေးပါ။ သေသွားရင်များကောင်မလားဟု စဥ်းစားနေမိသည်။

ထိုစဥ် အကိုကရောက်လာပြီး ဆောင်းဦးကိုပွေ့ချီကာဆောင်းဦး ဆူငေါက်ပါတော့သည်။

"အငယ် မင်းဘာလို့အဲ့လိုကြီးနေ နေတာလဲ နေမကောင်းဖြစ်တော့မှာဘဲကွာ"

ပြောရင်း အငယ့်ကို အဝတ်အစားလဲပေးကာ ဆံပင်ကိုသုတ်ပေးသည်။နောက်ပြီး စောင်ထဲနွေးနွေးနေစေကာ သိမ်ကျုံးဖက်ထားလိုက်သည်။

လင်္ကာ အခန်းထဲပြန်ရောက်တော့ အငယ့်ကိုမတွေ့သည်မို့ ရေချိုးခန်းထဲမှာရေချိုးနေမှန်းသတိထားမိ၍ စာအုပ်ထိုင်ဖတ်ရင်းစောင့်နေတာဖြစ်သည်။ဒါပေမယ့် အတော်ကြာတာတောင် ရေချိုးခန်းထဲက ထွက်မလာတာကြောင့် ဖွင့်ကြည့်ရာမှ ထိုအနေအထားမျိုးနဲ့တွေ့လိုက်ရခြင်းဖြစ်သည်။
လင်္ကာ အငယ့်ကိုဆေးကြိုသောက်စေကာ ထမင်းမစားစေဘဲ ဆန်ပြုတ်ကျွေးသည်။
ထို့နောက် အိပ်ရာထဲတွင်အိပ်စေလိုက်သည်။
လင်္ကာ အငယ့်ကိုစောင့်ကြည့်ရန် ဘေးတွင်ထိုင်ကာ စာအုပ်ဖတ်နေလိုက်သည်။လင်္ကာ အငယ့်ကိုကြည့်လိုက်ရင်း.....

'မင်းလည်း စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြကြည့်သင့်ပြီ အငယ်'

•••••••

စာအုပ်ဖတ်နေစဥ်မှာဘဲ ညည်းသံသဲ့သဲ့ကြားလိုက်ရသည်မို့ စာအုပ်ကိုချကာ အငယ့်အနားသို့သွားကာ နဖူးကိုယမ်းလိုက်သည်။အသားအရည်မှာ ပူကျစ်နေသည်။နောက်ပြီး ပါးစပ်ကလည်း တစ်တွတ်တွတ်ရေရွတ်နေသေးသည်။

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now