ဘာလိုလိုနဲ့ ကလေးငယ်ပင် လူ့လောကထဲ ခြေချဖို့ရက်နီးလာပြီဖြစ်သည်။၄လပိုင်းထဲရောက်လာပြီမို့ အထူးဂရုစိုက်ရပါသည်။ဆောင်းဦး ဆိုဖာပေါ်တွင်ထိုင်ကာ ကလေးဦးထုပ်လေး သိုမွှေးဖြင့်ထိုးနေလိုက်သည်။အကိုနွှာထားပေးခဲ့သော ပန်းသီးစိတ်ကိုပါးစပ်ထဲကောက်ထည့်လိုက်ပြီး ဦးထုပ်ကိုဆက်ထိုးသည်။ကလေးဦးထုပ်ထိုးလို့ပြီးသွားတော့ ထိုင်တာနည်းနည်းကြာသွားပြီမို့ ထပြီး ခြံထဲလမ်းလျှောက်ဆင်းရပြန်သည်။
လမ်းလျှောက်နေချိန်မှာဘဲ ခရေပွင့်ချိန်မို့ ခရေပင်အောက်တွင် ခရေပန်းများအဖွေးသားပြန့်ကျဲနေသည်ကိုတွေ့လိုက်ရတော့ ဆောင်းဦး ထိုအနားသို့သွားလိုက်သည်။နောက်ပြီး ဗိုက်ကိုထိန်းကိုင်ကာ ဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး ခရေပွင့်ကလေးတွေကိုမြတ်နိုးစွာကောက်ယူလိုက်သည်။လက်ထဲရောက်ရှိလာသော ခရေပွင့်များကို တစ်ခဏမျှနမ်းရှိုက်လိုက်ရတော့ စိတ်ကပို၍အေးမြကြည်လင်သွားသည်။
ခရေပွင့်ကလေးများကိုလက်ထဲမှဆုပ်ကိုင်ရင်း ဆက်၍လမ်းလျှောက်နေလိုက်သည်။
"ကလေးလေး ဖေဖေကလေ ခရေပန်းဆို အရမ်းကြိုက်တာ သိလား"
ဗိုက်လေးကိုပွတ်ရင်း သေချာနားမလည် မသိရှိသေးပါသော ကလေးငယ်ကို ပြောနေမိသည်။ဘာနေနေ ဘာမှမတုံ့ပြန်နိုင်သောကလေးငယ်ကသာ သူ၏စိတ်ထွက်ပေါက်ဖြစ်ခဲ့လေသည်။အခုရက်ပိုင်း အကိုက စိတ်ချမ်းသာအောင်ထားပြီး ဘာမှဝမ်းနည်းအောင်မလုပ်ဘူးဆိုပေမယ့် အရင်ကဝမ်းနည်းပြီဆိုလျှင် ရင်ဖွင့်စရာဆိုလို့ ကလေးငယ်သာရှိခဲ့သည်။
"ငယ်ငယ် "
နောက်မှခေါ်သံကြားလိုက်သည်မို့ ခြံတံခါးရှိရာဘက်သို့လှည့်ကာ ထူးလိုက်သည်။
"အင်း မြတ်ပိုင်"
"ပေါက်စလေး ထွက်လာဖို့နီးပြီဆို"
"အင်း ဟုတ်တယ် မြတ်ပိုင်ရဲ့"
"ဂရုစိုက်နော် ငယ်ငယ် ဘာမှအားမငယ်နဲ့ ငါတို့ရှိတယ် သိလား"
"အင်းပါ မြတ်ပိုင်ရဲ့"
မြတ်ပိုင်စကားကိုပြန်တုံ့ပြန်လိုက်ရင်း လက်ထဲမှ ခရေပွင့်ကလေးများကို ရေနေလိုက်သည်။
YOU ARE READING
ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)
बेतरतीबလက်ရှိလူနဲ့အနာဂတ်ကိုပုံဖော်ပြီး ပစ္စုပန်ကိုဖြတ်သန်းနေချိန်မှာ အတိတ်ကတစ်စုံတစ်ယောက်ကို လွမ်းဆွေးပြီး အတိတ်မှာပိတ်ကျန်နေတာမျိုးတော့ မဖြစ်စေချင်ဘူး အကိုရယ်....