Part1

2.5K 32 0
                                    

"သားနဲ့သမီးရေ ခနလောက်ဆင်းလာခဲ့ပါအုန်းကွယ့်"

ဉီးသတိုးထိုက်ဉီးက မာန်တို့မောင်နှမကိုအောက်ထပ်ကနေအော်ခေါ်လိုက်ခြင်းပင်

"ဟို...အဆင်ပြေပါ့မလားဟင် မောင်"

ထိပ်ထားကြွယ်ကဒီအိမ်ကိုပထမဆုံးရောက်ဖူးတာကြောင့်ရော သူ့ကလေးတွေနဲ့ပါပထမဆုံးတွေ့ဖူးခြင်းမို့စိုးရိမ်နေသည်!!

"ဘာမှမဖြစ်ပါဘူး "ထား"ရဲ့စိတ်အေးအေးထားနော် ဒီမှာထိုင်လိုက်အုန်း"

"ဟုတ် သားလေး လာလေ"

ဆိုဖာပေါ်မှာထိုင်ဖို့ သတိုးထိုက်ဉီးကပြောတာကြောင့်‌ေနွဉီး‌ေလးပါထိုင်ရအောင် ခေါ်လိုက်ခြင်းပင်

နွေဉီးမောင်လေးကယောင်္ကျားလေးသာဖြစ်နေပေမယ့် သူ့အသားရေသူ့ဆံသားသူ့နှခမ်းဖူးဖူးလေးနှင့်မျက်လုံးလှလှလေးက ဆွဲဆောင်မှု့အပြည့်ရှိသည် ကလေးလို့သာပြောနေပေမယ့်အတော်လှသည့်ကလေးပင်။

တစ်ခနကြာတော့မာန်တို့မောင်နှမနှစ်ယောက်ကအပေါ်ကနေဆင်းလာကြပြီး နွေ ကြည့်မိတဲ့သူကတော့ ကိုကိုမာန်ကိုပင် အသက်ကသာ၁၂နှစ်ပြောတာသူ့အရပ်အမောင်းက၁၄နှစ်သားလိုပင်။အသားရေကလဲသိပ်မဖြူသိမ်မညိုဘက်သွားပြီး နက်မှောင်သည့်ဆံသားကအတော်လေးဆွဲဆောင်မှု့အပြည့်ရှိသည်။

ဘေးနားကမမချမ်းကလည်း အသက်၁၂နှစ်သူ့မောင်လေးနှင့်အရပ်မတိမ်းမရိမ်းပင်။သူ့ရဲ့အသားအရေကတော့ မာန်ထက်တော့ဖြူ၏။ခါးလောက်ရှိတဲ့ဆံပင်လေးကတော်တော်လေးလှသည်။ကြည့်ရုံနဲ့တင်စိတ်ထားလေးကနုညံ့မည်ဆိုတာအပ်တက်သိသည်။

သူတို့လည်းဆင်းလာပြီး လွတ်နေသည့်နေရာတွင်ဝင်ထိုင်လိုက်သည်။မမချမ်းကတော့ဖော်ဖော်ရွေရွေပုံဆိုပေမယ့် ကိုကိုမာန်၏မျက်နှာကတော့တည်တည်ငြိမ်ငြိမ်ပင် ကလေးနှင့်မလိုက်အောင်တည်ငြိမ်လွန်းသည်။

"ဒါက သားတို့ရဲ့...."

"မိထွေး!ဟုတ်မလား ဟက်!"

"သားမာန်!!"

သူပြောလိုက်သည့်စကားသည် အတော်လေးယဉ်ကျေးမှု့မရှိတာတော့အမှန်ပင်။ဒါမယ့် မိခင်ဆုံးတာတောင်မကြာသေးနောက်မိန်းမယူသည့်အဖေ့ကိုတော့ သူဆိုသည်လည်းအဲ့လိုပဲရိုင်းမိမယ်ထင်၏။ကျွန်တော့်စိတ်ထင်သူ မေမေ့ကိုသူ့အမေနေရာအစားမထိုးနိုင်ဘူးထင်ပါရဲ့။

ရန်ညိုးနဲ့အချစ်Where stories live. Discover now