Part29

487 11 0
                                    

"ဒယ်ဒီ!"

"........."

နိုင်ငံခြားကနေဗြုန်းစားကြီးပြန်လာသည့်အဖေဖြစ်သူကိုအံ့ဩတကြီးနှင့်ခေါ်လိုက်၏။

"ဒယ်ဒီဘယ်လိုဖြစ်ပြီး၊မနက်ဖြန်မှမဟုတ်ဘူးလားဒယ်ဒီ!"

"ငါကြိုက်တဲ့အချိန်လာတယ်၊ဘာဖြစ်လဲ!"

အထဲကိုဝင်၍ဆိုဖာပေါ်တွင်ကျကျနနနှင့်ခြေချိတ်ထိုင်လိုက်၏။သတိုးလည်းသူ့ဒယ်ဒီထိုင်နေသည့်နေရာမှနောက်တစ်နေရာကိုထိုင်လိုက်သည်။

"ကျွန်တော်ကရုတ်တရက်မို့ပါ"

"ငါ့မြေးတွေရော?"

"ချမ်းကအနောက်ဆောင်ဘက်ဒေါ်မေနဲ့ခနလိုက်သွားတယ်၊မာန်ကတော့အိပ်တုန်းပါ"

"ခေါ်ခိုင်းလိုက်"

"ချမ်းကိုတော့ရပေမဲ့၊မာန်ကညကနောက်ကျမှအိပ်ထားတာဒယ်ဒီ၊မနေ့ကသူညနက်တဲ့ထိအလုပ်လုပ်နေတာ"

"ဘာလို့ငါ့မြေးကိုအဲ့လောက်ထိအလုပ်လုပ်ခိုင်းနေတာလဲ!"

"သူက...."

"သူဘွဲ့ရတာတောင်မကြာသေးဘူးမင်းကအလုပ်တွေအတင်းလုပ်ခိုင်းနေတာပေါ့!သတိုးထိုက်ဉီးငါတို့ကပိုက်ဆံကိုရေလိုသုံး‌နိုင်တာမင်းသိတယ်နော်!"

"သိပါတယ်"

"တသက်လုံးဘာအလုပ်မှမလုပ်ရင်တောင်ထိုင်စားလို့မကုန်ဘူး!!"

"ကျွန်တော်သိပါတယ်၊ဒါမဲ့..."

"မင်းငါ့ကိုဆင်ခြင်တွေမပေးနဲ့!ငါ့မြေးကို၁နှစ်လောက်နားခိုင်း!ပြီးမှအလုပ်ထဲပေးဝင်!ငါတို့အမှောင်အလုပ်အတွက်ဉီးဆောင်မဲ့လူလိုနေပြီး၊ငါလည်းမလုပ်နိုင်တော့ဘူး၊မင်းကလည်းအဲ့စီးပွားရေးပဲလုပ်နေတာ!"

"ကျွန်တော့်ကလေးတွေကိုဒါတွေမလုပ်စေချင်ဘူးဒယ်ဒီ!ပြီးတော့...ဒါတွေကိုလည်းပေးမသိစေချင်ဘူး!!!"

"မရဘူး!ငါတို့ဘိုးဘွားစဉ်ဆက်အပ်လွှဲလာတဲ့အရာ!မင်းကလေးတွေငယ်သေးလို့ပေးမသိချင်ဘူးဆိုလို့ငါငြိမ်ခဲ့ပြီးပြီး!မင်းအထွန့်မတက်နဲ့!!"

"ကျွန်တော်လက်မခံဘူး!အဲ့အလုပ်လုပ်လို့ကျွန်တော့်ဆုံးရှုံးခဲ့ရတာတွေအများကြီးပဲ!"

ရန်ညိုးနဲ့အချစ်Where stories live. Discover now