"အားးး!အဖေရေ...!!နာတယ်!အား!"
"အ..အစ်မနွေ့..နွေ့ဆံပင်!"
ချမ်းကကလေးကိုထင်တာထက်စောမွေး၏။ညဘက်၁၀နာရီလောက် ဗိုက်နာလို့အသဲအသန်အော်လို့ဆေးရုံလိုက်ပို့ရခြင်းပင်။ကားထဲမှာလည်းနွေနဲ့မာန်ကချမ်းဘေးနားမှာထိုင်နေကြပြီး ထိုင်နေသည့်နှစ်ယောက်လုံးရဲ့ဆံပင်တွေကိုလည်းထင်သလိုဆွဲနေသေး၏။သတိုးကတော့ကားကိုအတက်နိုင်ဆုံးမြန်မြန်မောင်းပေးရှာပါသည်၊ဒရိုင်ဘာကိုမောင်းခိုင်းလို့ရပေမဲ့သူလည်းပြာယာခက်နေသည်မို့မခေါ်လာခဲ့မိဘူးဖြစ်သွား၏။
"အမေရေ..!နာလိုက်တာ!အား!"
"မမ!နွေ..နွေဆံပင်တွေမဆွဲပါနဲ့တော့!နာ..နာနေပြီး"
သူ့ဆံပင်ဆွဲထားသည့်ချမ်းလက်တွေကိုဆွဲခွာနေပေမဲ့မရပေ။မာန်လည်းနွေနာနေမှာဆိုးလို့သူလည်းချမ်းလက်ကိုဝိုင်းဆွဲခွာပေမဲ့မရ၊အားကြီးနဲ့လည်းမလုပ်ချင်။
"အစ်မ!ကျွန်တော်ဆံပင်ကိုပဲဆွဲပါဗျာ!နွေနာနေပြီးဗျ!"
"အာ့!နာပါတယ်ဆို!သောက်တွဲတွေတစ်မျိုး!အား!ဖေဖေရေ..!"
"သမီးရောက်တော့မယ်နော်!ခနပဲသည်းခံနော်!သားတို့လည်းသည်းခံလိုက်ပါကွယ်!"
"အ့!မမ.."
"ကျစ်!နွေ့ကိုလွှတ်လိုက်ပါတော့ဆိုဗျာ!ကျွန်တော့်ကိုပဲဆွဲဆို!"
"အားး!နင်ကတစ်မျိုး!နာလိုက်တာအမေရေ...!"
ချမ်းအသံစူးစူးရဲရဲကြီးကကားတစ်ခုလုံးတောင်ဟိန်းသွားမတက်ပေ။နွေနဲ့မာန့်ဆံပင်တွေလည်းအဖုတ်လိုက်ကျွတ်ထွက်နေပြီးဖြစ်သည်။
~~~~~~~~~~~~
"အဖေရယ်၊ဒီမှာငြိမ်ငြိမ်လေးလာထိုင်နေပါ!""မထိုင်တော့ပါဘူးသားရယ်!အဖေ့စိတ်တွေလည်းမငြိမ်နေတော့ပါဘူး!အဖေ့သမီးနဲ့မြေးအဆင်ပြေပါစေလို့ပဲမျှော့်လင့်တယ်ကွယ်!"
ခွဲစိတ်ခန်းရှေ့တွင်ဂနာမငြိမ်ဖြစ်ပြီးဟိုလျှောက်ဒီလျှောက်လုပ်သည့်အဖေဖြစ်သူကိုမာန့်ကပြောလိုက်ခြင်းပင်။အဖေလုပ်သူကိုပြောနေပေမဲ့သူကိုယ်တိုင်ကလည်းစိတ်ပူနေမိ၏၊နွေလည်းနည်းတူပင်ထိုင်နေရင်းသူ့လက်တွေကိုဆွဲကိုင်ထားရင်းချွေးများကလည်းစီးကျလို့။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။