Part11

740 20 0
                                    

လူသူသိပ်မရှိသည့်တောစပ်တစ်နေရာတွင်ဉီးသတိုးဆိုသူဟာကားကိုအရှိန်နှင့်မောင်းနှင်လာပြီးနောက်သူဉီးတည်ရာနေရာရောက်သည်နှင့်ကားကိုထိုးရပ်လိုက်ပါသည်။သူရောက်နေသည့်နေရာကတော့တောစပ်ကိုနည်းနည်းလေးဝင်ပြီးသည်နှင့်တွေ့ရသည့်ဂိုထောင်အပျက်ပုံစံတစ်ခုကိုပင်။သူရောက်သွားသည်နှင့်ဂိုထောင်အရှေ့ကလူနှစ်ယောက်ကသူ့ကိုစစ်ဆေးစရာရှိတာတွေစစ်ဆေးပြီးသည်နှင့်ဉီးမင်းညီမောင်ဆီခေါ်လာကြပါသည်။

သူရောက်သွားတော့မာန်ကတော့ခုံပေါ်မှာကြိုးတုတ်လျက်သားအေးဆေးထိုင်နေပြီးမင်းညီကတော့မာန်နှင့်မလှမ်းမကန်းတွင်ထိုင်နေပါသည်။သူရောက်သွားတော့မာန်နဲ့မင်းညီရဲ့မျက်လုံးကသူ့ဆီကိုရောက်လာပါသည်။မင်းညီကတော့ဆက်ကြည့်နေပေမယ့်မာန်ကတော့ခနကြာတော့အကြည့်လွှဲလိုက်ပါသည်။

မာန်ဒီဘက်လှည့်မှအသေးစိတ်မြင်လိုက်ကသည့်မြင်ကွင်းကြောင့်သူ့ဒေါသထောင်းကနဲပင်။မာန့်မျက်နှာပေါ်ကထိုးထားသည့်ဒဏ်ရာကြောင့်ပင်။သူစိတ်တို၍မင်းညီဆီကိုခြေလှမ်းကြဲကြီးများနှင့်သွားပြီးကော်လံကိုဆွဲလိုက်ပါသည်။သူ့အားကြောင့်ထိုင်နေသည့်မင်းညီကထလျက်သားဖြစ်သွားရပါသည်။

"မင်းစောက်ဆင့်နဲ့များငါ့သားကိုထိရဲ‌တယ်ပေါ့ဟုတ်လား မင်းညီမောင်!!"

သူလုပ်ရပ်ကြောင့်မင်းညီလူတွေကအပြေးလာကြပြီးဆွဲကြပေမယ့် သတိုးရဲ့အားကသူတို့မယှဉ်နိုင်သည့်အနေအထားမို့လူထပ်ခေါ်ပြီးဆွဲကြရသည်။

"ဖယ်!!မင်းတို့အသက်ပါမထွက်ချင်ရင်ဖယ်လိုက်နော်!!"

သတိုးရဲ့အသံကဂိုထောင်တစ်ခုလုံကိုဟိန်းသွားစေသည်။

"လွှတ်လိုက်!!"

မင်းညီရဲ့အမိန့်ကြောင့်သူ့လူတွေလည်းလွှတ်ပေးလိုက်ကြပြီး သတိုးကလည်းမင်းညီကိုတောင့်လွှတ်လိုက်သည်။

"မင်းကတိကိုမတည်မှတော့ငါလည်းတည်စရာမလိုဘူးထင်တယ် မင်း ညီ မောင်!!"

"ဘာ!!အဲ့ဆိုလည်းရတယ်လေ မင်းကအဲ့လိုဆိုမှတော့လည်းမင်းသားအသက်ကိုယူရုံပေါ့!"

ရန်ညိုးနဲ့အချစ်Where stories live. Discover now