ကြီးမေလာပို့သည့်ဆန်ပြုတ်ကိုနွေကမစားချင်ဘူးဆိုတာကြောင့်သတိုးနှင့်ချမ်းကဘာစားချင်လဲမေးတော့မေမေလုပ်သလိုငါးချဉ်လေးစားချင်တာတဲ့လေ။သူ့အမေနဲ့ပက်သက်တာမှန်သမျှသူသဘောကျနှစ်သက်သည်ထင်ပါရဲ့။
သူစားချင်တဲ့ငါးချဉ်ကိုကြီးမေကလည်းလုပ်ပေးရှာပါသည်။ထားမဆုံးခင်တုန်းကကြီးမေကထားလုပ်သည့်ငါးချဉ်ကိုအသေးစိတ်ကြည့်ခဲ့ဖူးသည်ကြောင့်ထားနည်းတော့မတူပေမယ့်အရသာတော့တူနိုင်သလောက်တူအောင်လုပ်ပေးရှာပါသည်။နွေနှင့်ချမ်းကြိုက်တက်သည့်ငါးချဉ်ကိုအမြဲလိုလိုလုပ်ထားလေ့ရှိသည်ကြောင့်စားချင်ရင်လုပ်ရုံလေးပါပဲ။
ကြီးမေလည်းမီးဖိုချောင်ထဲမှာလုပ်စရာရှိတာတွေလုပ်ပြီးသည်နှင့်နွေတို့အခန်းထဲယူလာပေးပါသည်။
"ဒီမှာရပါပြီး"
"ဟီး ကျေးဇူးပါဘွားဘွားမေ"
"ဟွန့်!"
အခန်းထဲကစားပွဲပေါ်ချပေးရုံလေးပဲရှိသေးသူ့ကိုဘွားဘွားခေါ်သည်ကြောင့်ဟွန့်ခနဲလုပ်ပြလိုက်တော့သွားလေးပေါ်အောင်ပြုံးပြလေသည်ကြောင့်ထပ်မပြောရက်တော့ပေ။သူ့အသက်က၆၀ပြည့်ခံနီးဆိုပေမယ့်နုပါသေးတယ်။
"နွေလေးကလဲကြီးမေကနုပါသေးတယ် ခုမှအသက်က၁၆ပဲရှိသေးတာပါ နော့်ကြီးမေ"
"အမယ်လေးနော်!"
"ဟီးဟီး!"
ပြုံးပျော်နေကြသည့်သူ့ကလေးတွေကိုကြည့်ပြီးသတိုးမှာပြုံးလျက်ပေ။ခုလိုသူ့ကလေးတွေရဲ့အပြုံးတွေကိုမမြင်ရတာထားဆုံးပြီးထဲကပါပဲလေ။မာန်ကတော့အမြဲအေးတိအေးစက်နဲ့မို့သူ့အပြုံးကိုမမျှော်မှန်းတော့ပါ။အဖေတစ်ယောက်အနေနဲ့တော့ကိုယ့်သားအပြုံးကိုမြင်ချင်တာမဆန်းပါလေ။
"ကဲ သားနွေစားတော့နော်ထမင်းစားချိန်တောင်ကျော်နေပြီး ဗိုက်အောင့်နေအုန်းမယ်"
"ဟုတ်ကဲ့"
"အဲ့ဆို ခွင့်ပြုပါအုန်းဆရာ"
"အင်း!အော် ပြီးတော့ကျွန်တော်မရှိတဲ့အချိန်ကျွန်တော့်ကလေးတွေကိုစောက်ရှောက်ပေးပါနော်ဒေါ်မေ!"
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။