Part34

425 13 2
                                    

{၆ရက်ကြာပြီးနောက်}

"အထုတ်တွေအကုန်တင်လိုက်တော့"

"ဟုတ်ကဲ့ ဆရာ"

ကချင်ပြည်နယ်ကိုသွားဖို့အတွက်လေယဉ်ပေါ်ကိုပစ္စည်းတွေကိုဉီးမာန်မျိုးမင်းကတင်ခိုင်းနေခြင်းပင်။မနေ့ကမှခရီးကပြန်ရောက်တယ်ဆိုပေမဲ့လည်းမြေးတွေကသွားချင်တယ်ဆိုတော့လည်းလိုက်‌ေပးရတာပေါ့။သူတို့တွေကတော့အဘိုးအဆင်ပြေမှသွားလည်းရတယ်‌ဆိုပေမဲ့လည်းမြေးသမက်မွေးနေ့လေးကိုအမှီသွားမယ်လို့စီစဉ်ထားတာကြောင့်၊သူလာမှအဲ့အစီစဉ်ပျက်မှာမလိုလားလို့ပင်။

အားလုံးလည်းလေယဉ်ပေါ်တက်လိုက်ကြပါသည်။ကိုယ်ပိုင်လေယဉ်ဖြစ်တာကြောင့်သူတို့မိသားစုနဲ့အတူကြီးမေရယ်၊ညီထွဋ်တို့ရယ်နဲ့လိုတာတွေလုပ်ပေးလို့ရအောင်အကူကောင်မလေး၅ယောက်လောက်ခေါ်လာခဲ့ပါသည်။

လေယဉ်မှာကအခန်းတွေရှိတာကြောင့်ခရီးကို‌သက်တောင့်တင့်တယ်နှင့်သွားနိုင်၏။သတိုးကတစ်ခန်း၊ချမ်းကကြီးမေနဲ့တစ်ခန်း၊ဉီးမာန်မျိုးမင်းကတစ်ခန်း၊မာန်နဲ့နွေကတစ်ခန်း၊ညီထွဋ်နဲ့ပါလာတဲ့လူတွေကတစ်ယောက်တစ်နေရာဆီနေကြ၏။

လေယဉ်ကစတင်ထွက်ခွာနေပြီးဖြစ်သည်။သတိုးတို့ကအခန်းထဲမှာမဟုတ်ကြပဲမိသားစုစကားပြောရန်နေရာတွင်စုနေကြသည်ဖြစ်သည်။

"သမီးချမ်းမွေးDateကဘယ်လနဲ့ဘယ်နေ့လဲသမီး"

ဉီးမာန်မျိုးမင်းကကော်ဖီသောက်နေရင်းပင်ချမ်းကိုမေးလိုက်၏။

"ဆရာဝန်ပြောတာတော့2လပိုင်း၁၈တော့ပေးထားတာပဲ၊စောမွေးချင်လဲမွေးနိုင်တယ်တဲ့၊သေချာတော့မပြောနိုင်ဘူးတဲ့"

"အင်း၊သမီးကလေးကိုဒီမှာပဲမွေးမှာသေချာလားသမီး"

"ဟုတ်၊သမီးဒီမှာပဲမွေးပါမယ်၊ဒီမှာလည်းတော်တဲ့ဆရာဝန်တွေလည်းရှိပါတယ်"

"အင်းပါ"

"ဒယ်ဒီ၊ဒယ်ဒီလည်းဒီမှာပြောင်းနေသင့်နေပြီးနော်၊အသက်ကလည်းငယ်တော့တာမဟုတ်ဘူး၊ကျွန်တော်တို့နဲ့အတူနေရင်ပိုစိတ်ချရတာပေါ့"

"အင်း၊ငါလည်းဟိုမှာအလုပ်တွေသေချာစီစဉ်ချပြီးတာနဲ့ဒီမှာပဲနေတော့မလားလို့ပါ"

ရန်ညိုးနဲ့အချစ်Where stories live. Discover now