Part6

813 23 0
                                    

ဆေးရုံတွင်‌ဆရာဝန်တစ်ယောက်ကနွေလေးကိုကြည့်ပြီးသည်နှင့်နွေဉီးလေး၏မိခင် တို့ဆီထွက်လာခဲ့သည်။

"ဒေါက်..ဒေါက်တာ..ကျွန်မ..ကျွန်မသားလေးဘယ်လိုနေလဲဟင်"

"စိတ်တော့မပူရတော့ပါဘူး ဒါမယ့်ကလေးကိုတော့နှလုံးပြရမယ့်အခြေနေဖြစ်နေပါပြီး"

"ရှင်.!"

"အရင်ကသူ့ရဲ့နှလုံးကိုပြဖူးတယ်ထင်တယ်"

"ဟုတ်..ဟုတ်ပါတယ် အရင်ကနှလုံးရောဂါရှိ‌လို့ဆိုပြီးပြခဲ့ပါတယ် ဒေါက်တာ!"

"အင်း ကလေးအခြေနေကတော့ စိုးမရိမ်ရတဲ့အခြေနေလို့တော့မပြောချင်ဘူး ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့.."

"ပြောပါ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ဆရာ!"

"အဲ့ဆိုကောင်းပါပြီး ကလေးရဲ့နှလုံးကိုကျွန်တော်တို့ခွဲစိတ်ဖို့လုပ်ရလိမ့်မယ် ဒါကကြာကြာထားလို့မကောင်းဘူး!"

"ရှင်..!"

ထိပ်ထားတစ်ယောက်‌ဆရာဝန်ရဲ့စကားကိုကြားသည်နှင့်ခြေမခိုင်ချင်တော့ပါ။သူနဲ့အတူပါလာသည့်ချမ်းကဝင်ထိန်းပေးရသည်။မျက်လုံး‌တွင်လည်းမျက်ရည်များကနေရာယူလျက်။

"အန်တီ!စိတ်ထိန်းပါ နွေဉီးလေးအဆင်ပြေသွားမှာပါ"

"မိခင်တစ်ယောက်အနေနဲ့စိတ်မခိုင်မှာသိပေမယ့် နောက်တစ်ခုထပ်ပြောပါရစေ"

"......."

"ကလေးကိုနှလုံးဆေးတွေမတိုက်ဘူးလား ဒီလိုလုပ်နေလို့ကလေးကပိုဆိုးလာတာ!"

"ရှင်!ဘယ်..ဘယ်လိုကျွန်..ကျွန်မသားလေးကိုဆေးတွေသေချာတိုက်ခဲ့တာပါ"

"ဆေးသောက်တယ်ဆိုတာမှန်ပေမယ့် ဆေးသောက်ချိန်တွေကမမှန်ခဲ့ဘူး အဲ့တာတွေကပိုဆိုးလာတာ!"

"အဲ့လိုမဟုတ်ပါဘူး အန်တီကနွေလေးကိုသေချာတိုက်ခဲ့တာပါ!"

စကားတောင်မပြောနိုင်တော့သည့်အန်တီကြောင့်သူပဲ‌ဝင်ပြောလိုက်ရသည်။

"နှလုံးခွဲစိတ်ဖို့ကိုနောက်နှစ်ရက်အတွင်းလုပ်ပါမယ် အဲ့အတောအတွင်းဆေးရုံမှာပဲနေပေးပါ"

ရန်ညိုးနဲ့အချစ်Where stories live. Discover now