ချမ်းကိုဆရာဝန်နဲ့ပြနေချိန်ထားကမာန့်ကိုစိတ်မချတာကြောင့်ကြီးမေနဲ့ခနအပ်ထားခဲ့ပြီးမာန့်ဆီထွက်လာပါသည်။အရေးပေါ်ခန်းရှေ့ပြန်လာတော့မာန့်ကိုမတွေ့တာရောအရေပေါ်ခန်းရှေ့မှာတပ်ထားသည့်မီးကလည်းမနီတော့တာကြောင့်စိတ်ပူစိတ်ကအတိုင်းအတာမဲ့သွားတော့သည်။
သူလည်းအရှေ့ကနေဖြတ်သွားသည့်ဆရာဝန်တစ်ယောက်ကိုမျက်ရည်များဖြင့်လှမ်းပေးလိုက်သည်။
"ဟို..!ဆရာ"
"ဟုတ် ပြောပါခဗျ"
"ခု..ခုနခွဲစိတ်နေတဲ့လူ..လူနာလေ သူ..သူဘယ်လို..."
စကားတောင်ဆုံးအောင်မပြောနိုင်လောက်အောင်သူ့ခံစားချက်တွေကိုမထိန်းနိုင်တော့ပါဘူး မျက်ရည်များကအတိုင်းအတာမရှိအောင်ကျနေတော့ပါသည်။
"အော် ခုနကလူနာလား ကျွန်ေတာ်တောင်ဝိုင်းကူသေးတယ်"
"ရှင်!ဟုတ်..ဟုတ်ပါတယ် သူက ဟို..."
"အော် ဘာမှမဖြစ်တော့ပါဘူး အသက်ကိုကယ်နိုင်သွားပါတယ်"
"ရှင်!တ..တကယ်!"
"ဟုတ်ပါတယ် သူ့ကိုအခန်းနံပါတ်၂၀မှာထားထားပေးပါတယ် လူကြီးအဆောင်သုံးထပ်မြောက်မှာပါ"
"ဟုတ်..ဟုတ်ကျေးဇူးတင်ပါတယ်!"
"ရပါတယ် ခွင့်ပြုပါအုန်း"
"ဟုတ်!"
ဆရာဝန်လည်းထွက်သွားပြီးနောက်သုံးထပ်မြောက်ကိုအပြေးသွားပါသည်။ချမ်းတို့ကိုတောင်ပြောဖို့မေ့သွားလောက်အောင်ဝမ်းသာနေပါသည်။
ဟိုရောက်တော့တံခါးကိုအပြေးဖွင့်ပြီးကြည့်လိုက်တော့ ကုတင်ပေါ်တွေစက်များနဲ့မေ့မျော်နေသင့်ခင်ပွန်းနှင့်ကုတင်နဲ့မလှမ်းမကန်းဘေးဘက်ရဲ့ဆိုဖာပေါ်တွင်သူ့အဖေကိုငေးကြည့်နေတဲ့မာန့်ကိုတွေ့ပါသည်။ခုနကတော့ငိုနေသည့်ကလေးကခုတော့သူဝင်လာတာတောင်မသိလောက်အောင်တိတ်ဆိတ်စွာထိုင်နေပါသည်။
"မာန်"
"........."
သူခေါ်တော့လှည့်ကြည့်ပေမယ့်ထူးသံတော့မထွက်လာပေ။သူလည်းသတိုးကိုခနကြည့်ပြီးသည်နှင့်မာန့်ဘေးနာကိုဝင်ထိုင်လိုက်ပါသည်။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။