Part22

585 11 0
                                    

ညီညီမောင်ကပြောရမယ်ဆိုရင်ဗညားကျော်နဲ့ပူးပေါင်းထားတာပေါ့။သူကတစ်ချက်ခုတ်နှစ်ချက်ပျက်အောင်လုပ်လိုက်တာ သူအဲ့လိုနွေ့ကိုလိမ်ပြီးထားကိုသတ်တယ်လို့ယုံအောင်ပြောလိုက်ရင်နွေကသတိုးကိုပြောဖြစ်အောင်သွားပြောမည်၊သူ့အမေကိုသတ်တဲ့သူကဘယ်သူဘဲဖြစ်ဖြစ်သူမုန်းမှာပဲ သူပေးလိုက်တဲ့အချက်အလက်ကလည်းတကယ်ကိုယုံချင်စရာကောင်းတာကြောင့်နွေကကလေးဖြစ်တဲ့အတွက်ရောယုံဖြစ်အောင်ယုံလိမ့်မည်၊ပြီးတော့သတိုးနဲ့သူစကားများမယ်ပြီးရင်နွေကထွက်ပြေးမယ် အဲ့ချိန်ကျရင်သတိုးစိတ်ဓာတ်တွေကျမယ် စိတ်ဆင်းရဲမယ်၊ပြီးတော့လည်းဒီကိစ္စရဲ့နောက်ကွယ်ကလူကိုညီညီမောင်ဆိုပြီးသတိမထားမိဘဲဗညားကျော်လို့ထင်မယ်၊နွေကသူ့ဆီကနေထွက်ပြေးလာရင်သူ့မှာနေစရာမရှိလို့သူ့ဆီပဲလာလိမ့်မယ် အဲ့ကျရင်သတိုးကသိသွားရင်လည်းသူကသူရှိတဲ့နေရာကိုကြိမ်းသေကိုလာလိမ့်မည်၊အဲ့ကျရင်သေချာအကွက်ချပြီးတော့ကိုသတိုးကိုသတ်ဖို့စီစဉ်ထားတာပင်။သူရဲ့စနစ်ကတစ်ချက်ခုတ်လေးငါးချက်လောက်ပျက်လိမ့်မည်။

**********
"အဖေ"

"ဟင်!ပြောလေ သမီး"

"နွေကိုရှာမတွေ့သေးဘူးလားဟင်"

"အင်း!အဖေတို့လည်းရှာတာပဲ သမီးရယ်!"

"တစ်ခြားနေရာတွေရော အဖေ"

"ရှာတာလည်းတစ်မြို့လမ်းနှံ့နေပြီးလေ သမီးရယ်!မနက်ဖြန်မှဆက်ရှာကြတာပေါ့!"

"ဟင့်အင်း!နွေ့ကိုလူဆိုးတွေဖမ်းသွားတာဆိုရင်ရောအဖေ!"

"အင်း!ဖြစ်နိုင်တယ်သမီး အဖေလည်းလူတွေကိုစောင့်ကြည့်ခိုင်းထားပါတယ် ရှာလည်းရှာခိုင်းထားတယ်စိတ်မပူနဲ့တော့နော်!အဆင်ပြေသွားမှာပါ"

"စိတ်မပူလို့ရမလား!နွေကိုသာလူဆိုးတွေဖမ်းသွားရင်သူကြောက်နေမှာ!အဲ့လူတွေကနွေ့ကိုဘာလုပ်ကြမလဲမှမသိနိုင်တာ!"

"သမီး စိတ်ပူသလိုအဖေလည်းစိတ်ပူတာပေါ့ကွယ်!အဖေတို့လည်းတက်နိုင်သလောက်ရှာကြတာ‌ပဲလေ!"

".............."

သူတို့နှစ်ယောက်စကားပြောနေရင်းချမ်းကသိသိသာသာကိုပင်မှိုင်ကြသွားလေသည်။သူနွေ့ကိုအတော်လေးစိတ်ပူနေ၏။နေ့လည်ကလည်းထမင်းမစား ဆိုင်တစ်ဆိုင်မှာဝင်စားမယ်ပြောတော့လည်းမဆာဘူးတဲ့။ခုတောင်ရှာနှံနေပြီးဘယ်မှာမှရှာမတွေ့လို့လမ်းဘေးနားလေးမှာကားရပ်ပြီးစကားပြောနေခြင်းပင်။သေချာတာကတော့နွေ့ကိုဘယ်မှာမှရှာမတွေ့ဘူးဆိုရင်ညီညီ‌ေမာင်လက်ချက်ပဲဖြစ်လိမ့်မည်။

ရန်ညိုးနဲ့အချစ်Where stories live. Discover now