"မမ!ဘယ်ခေါ်သွားမလို့လဲဟင်!ဖေဖေ သားကိုဘယ်ခေါ်လာတာလဲ၊ဟင့်!ဒီ..ဒီမျက်လုံးကအဝတ်ဖယ်ပေးပါနော်!သားကြောက်လို့ပါ!"
တစ်လမ်းလုံးသူ့ကိုဘယ်ခါ်သွားဖို့လဲ၊ဘာလုပ်ဖို့လဲပဲတစ်ချိန်လုံးမေးနေတာ၊သူတို့လည်းတက်နိုင်သလောက်တော့လိမ်ပေးထားပါတယ်။ခုလည်းကိုတော်ချောကသူ့နွေလေးကိုမျက်လုံးမှာအဝတ်ပါစီးပေးပါတဲ့။နွေကအမှောင်ကြောက်တက်တော့မလုပ်စေချင်ဘူးပြောလည်းမရ၊သူ့ကိုဘယ်သူကမြှောက်ပေးလိုက်မှန်းကိုမသိ။
"ဖေဖေသား...သားမေးတာဖြေပါအုန်း!"
တစ်လမ်းလုံးလည်းအတင်းရုန်းပြီးမျက်လုံးမှာစီးထားတဲ့အဝတ်ကိုဆွဲချွတ်ဖို့လုပ်သေးသည်။သူတို့မှာလည်းမနည်းထိန်းလာရသည်။
"နွေ၊ခနလောက်ပဲငြိမ်ငြိမ်လေးနေပေးပါ၊ခနနေရောက်တော့မယ်"
"ဟုတ်တယ်၊သား ခနလောက်ငြိမ်ငြိမ်လေးနေပေး"
".........."
သူလည်းမြန်မြန်ရောက်ပါစေဆိုပြီးငြိမ်ငြိမ်လေးနေပေးပြီးသာလိုက်လာလိုက်ပါလေသည်။
ခနလောက်ကြာတော့ လူနည်းနည်းဆူနေသည့်နေရာကိုရောက်သွားမှန်းသူသိတော့ကြောက်စိတ်ကပို၍တိုးလာခဲ့သည်။
"ဖေဖေ!ဟင့်!"
နွေ့ကိုလိုက်ပို့သည့်ကိစ္စပြီးသည်နှင့်သူတို့လည်းနွေ့အနားကထွက်သွားကြပါသည်။သူ့အနားမှာဖေဖေတို့မရှိတော့တာသိတော့ငိုချပါလေရော၊မျက်လုံးကအဝတ်စကိုလည်းမဖယ်ပေးသွားသည်ကို။
တစ်အောင့်နေတော့သူ့မျက်လုံးပေါ်ကအဝတ်ကိုဖြည်းဖြည်းဖယ်ပေးလာသည့်လူ၊အလင်းရောင်ခပ်ဖျော့ဖျော့လေးကို မျက်လုံးလေးဖြည်းဖြည်းချင်းဖွင့်ပြီးကြည့်တော့....
"နွေ"
"ဟင်၊ကိုကို!"
သူမထင်မှတ်ထားသည့်လူကသူ့ရှေ့မှာရပ်နေပြီးသူ့ကိုအကြင်နာမျက်လုံးဖြင့်ကြည့်နေလေသည်။သူဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့လူကသိပ်များများစားစားမရှိပေမဲ့ သူမြင်ဖြစ်အောင်မြင်လိုက်ရသည့်လူကတော့မခိုင်နှင်းမိုးကိုပဲပင်။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။