Part7

816 21 1
                                    

အိမ်ကနေဆေးရုံထိအရှိန်နဲ့မောင်းတင်သွားသည့်ဉီးသတိုး။ည၁၀ ဝန်းကျင်လောက်ရှိနေပြီးမို့လမ်းတွင်ကားတွေဆိုင်ကယ်တွေသိပ်မရှိတော့ပေ။

ဆေးရုံကိုရောက်သည်နှင့်အမြန်ပင်ကားပေါ်ကဆင်းလိုက်သည်။သူ့သားအရင်းမဟုတ်ပေမယ့်လို့နွေလေးကိုသူ့သားသမီးတွေနှင့်တန်းတူချစ်ပေးသည်။

ဆေးရုံကောင်တာတွင်

"ဟို လူနာနဲ့တွေ့ချင်လို့"

"ဟုတ်ကဲ့ နာမည်လေးပြောလို့ရမလားရှင့်"

ကောင်တာကလူရဲ့စကားကိုတောင်ဖြေဖို့အတော်လေးပြောယူနေရသည်ပင်။ဘာလို့ဆိုကားကဆေးရုံကိုဆိုက်ရောက်သည်နှင့်အပြေးလာသည်ကြောင့်ပင်။အသက်ကြီးလာတော့သိပ်မပြေးနိုင်တော့ဘူးထင်ပါရဲ့။

"အင်း နွေဉီးမောင် နှလုံးဖောက်လို့လာတဲ့ ကလေးကျွန်တော့်သား!"

"အော် ဟုတ်ကဲ့ အဲ့ကလေးကဒုတိယထပ်ရဲ့အခန်းနံပါတ်၁၂မှာပါ အန်..."

"........"

သူနာပြုရဲ့စကားကိုတောင်ဆုံးအောင်နားမထောင်တော့ပဲ ဓါတ်လှေကားနှင့်‌ချက်ချင်းပင်တက်သွားလေသည်။

အခန်းထဲရောက်တော့

"ထား!"

"ဟင်!မောင်!ဘယ်..ဘယ်လိုလုပ်!"

"အဖေ"

ထိပ်ထားတစ်ယောက်လန့်ဖြန့်သွားရသည်။ဉီးသတိုးဒီကိုလာပုံနဲ့ဆိုမာန်နဲ့ရန်ဖြစ်ခဲ့မှာပဲဆိုပြီးသူတွေးပြီးစိတ်ပူနေမိသည်။ဉီးသတိုးပုံစံကစိုးရိမ်ပူပန်မှု့တွေကအထင်သားပင်။

"နွေလေးဘယ်လိုနေလဲ သက်သာတယ်မလားဟင်ထား!"

"ဟို..အဲ့တာက!"

နွေဉီးလေးကိစ္စသူဉီးသတိုးကိုပြောဖို့တွန့်ဆုတ်နေမိသည်။သူသာအဲ့ကိစ္စတွေသာထပ်ပြောလိုက်ရင် အသေအချာကိုမာန်နဲ့သူရန်ဖြစ်ကြလိမ့်မည်။

"အဖေ!ဘယ်လိုလုပ်လဲ မနက်ဖြန်မှာလာမှမဟုတ်ဘူးလား"

ချမ်းလည်းသူ့အဖေကမနက်ဖြန်မှပြန်လာမှာကိုသိပေမယ့်အခုဗြုန်းစားကြီးပြန်လာသည်ကြောင့်အံ့ဩနေမိသည်။

ရန်ညိုးနဲ့အချစ်Where stories live. Discover now