Part5

880 29 1
                                    

"ဟမ် သားတို့ကဘာလို့အစောကြီးပြန်လာတာလဲ"

နေ့လည်ပဲရှိသေးပြီးအိမ်ကိုပြန်ရောက်လာတဲ့နွေနဲ့ချမ်းကို ခြံထဲမှာပန်းပင်တွေကြည့်‌နေတုန်းတွေ့လိုက်သည်ကြောင့်ထိပ်ထားစိုးရိမ်တကြီးလှမ်းမေးလိုက်သည်။

"အဲ့တာက....သား.."

အမေ့ကိုသူနှလုံးအောင့်သည်ကိုပြောဖို့တွန့်ဆုတ်နေခဲ့သည်။ဘာလို့ဆို အမေကနွေနဲ့ပက်သက်ရင်အတော်ပင်စိုးရိမ်တက်သည် နှလုံးဖောက်သည်သာသိရင်ကျောင်းတောင်ပေးသွားတော့မည်မဟုတ်ပေ။

နွေတွန့်ဆုတ်နေချိန်ချမ်းကပြောသင့်ပြောထိုက်သည့်အခြေနေမို့ဝင်ပြောလိုက်ရသည်။နွေ့အ‌ေခြနေကကြာကြာထားလို့မကောင်းပေ။

"နွေဉီးကကျောင်းမှာရင်ဘတ်အောင့်တယ်ဆိုလို့ အဲ့တာကျောင်းဆေးပေးခန်းမှာသွားပို့ပြီး အိမ်ခေါ်လာတာပါ အန်တီ"

"ဟမ်!သားအ‌ဆင်ပြေရဲ့လား အောင့်နေသေးလား မေမေတို့ဆေးရုံသွားရအောင်နော်"

"နွေဉီးလေးကဘာမှမဖြစ်တော့ပါဘူး အန်တီ ဒီနေ့တော့နားနားနေနေနေခိုင်းလိုက်ပါ မနက်ဖြန်လောက်မှသွားပါ"

အလွန်စိုးရိမ်နေသည့်ထိပ်ထားကြောင့်ချမ်းမှာမနက်ဖြန်မှသွားဖို့ပြောလိုက်ရသည်။မာန်လုပ်သည်ကိုနွေဉီးကမပြောဖို့ချမ်းကိုကားမှတည်းကပြောခဲ့သည်ကြောင့်မပြောရခြင်းပင်။ဒါမယ့်သူမာန်ရဲ့အစ်မဖြစ်သည့်အတွက်သူ့ကိုပြောကိုပြောရတော့မည် အရင်ကမိထွေး၏သားဆိုလို့လက်မခံနိုင်သည်ကိုသိပေမယ့် သူ့လုပ်ရက်တွေကလွန်ကိုလွန်လွန်းလာသည်။

"မေမေရဲ့ သားဘာမှမဖြစ်ပါဘူး ကောင်းသွားပါပြီး ဟီး"

ကောင်းသွားပါပြီးပြောနေပေမယ့် သူ့ရင်ဘတ်လေးကိုတော့ကိုင်ထဲနေဆဲပင် နည်းနည်းအောင့်နေသေးသည်ထင်သည်။သားကိုစိုးရိမ်နေပေမယ့်သားဖြစ်သူ၏သွားလေးပေါ်အောင်ရီပြသည်သည် သူ့အတွက်တကယ်ကိုနွေးထွေးလွန်းသည်။

သူသိသည်ဒီကိစ္စဖြစ်တာမာန်ကြောင့်ဆိုသည်ကို ဒါမယ့်သူမာန့်ကိုလည်းအပစ်မမြင်ပါ သူ့မှားခဲ့လို့ဖြစ်ရတာပဲ သူသာပိုက်ဆံလုံလုံလောက်လောက်ရှာနိုင်ခဲ့ရင် ဉီးသတိုးဆီလိုက်လာစရာအကြောင်းမရှိပေ ဉီးသတိုးကိုသံယောဇဉ်ရှိပေမယ့်လို့ပေါ့။သူ့ကြောင့်သူ့သားဒုက္ခများလှသည် ဒီအိမ်ကိုရောက်တည်းကသူများတွေကချစ်ပေးကြ‌‌ေပမယ့်လို့ မာန်ကတော့နွေဉီးကို‌အစေခံတစ်ယောက်လိုသာဆက်ဆံသည်။နွေဉီးလေးကတော့သူ့ကိုချစ်ရှာသည် ဒီအတောအတွင်းသံယောဇဉ်ဖြစ်မိသွားပြီးထင်ပါရဲ့။

ရန်ညိုးနဲ့အချစ်Where stories live. Discover now