Part30

536 13 0
                                    

"ကျေးဇူးတင်ပါတယ်၊ခန့်မိုး"

"ရပါတယ်ဗျ"

အိမ်ရှေ့နားမရောက်ခင်နားလေးမှာနွေကကားကို‌ရပ်ခိုင်းလိုက်သည်။ဘာလို့လဲဆိုအိမ်ရှေ့မှာcctvတက်ထားတာကြောင့်သူသာကြည့်မိရင်ခန့်မိုးလာပို့တာဆိုတာကိုကြိမ်းသေသိလိမ့်မည်။

"သွားလိုက်ပါအုန်းမယ်ကိုမိုး"

"ကောင်းပါပြီးနွေ"

နွေတို့လည်းကားပေါ်ကဆင်းလိုက်ကြပြီးအိမ်ကိုလမ်းလျှောက်ကြ၏။ခန့်မိုးလည်းနွေတို့အိမ်ထဲဝင်သွားတဲ့အထိကိုကြည့်ပြီးမှထွက်သွား၏။

"ပြန်လာပါပြီးလာမမလေး"

"အင်း၊ဒီမှာ ဉီးအတွက်မုန့်ရယ်ကော်ဖီထုတ်တွေရယ်အအေးတွေရယ်"

"အားနာစရာကြီးမမလေးရယ်!"

"ရပါတယ်၊မမလေးလို့မခေါ်ပါနဲ့ဆို၊သူများတွေခေါ်သလိုချမ်းလို့ပဲခေါ်ပါ"

"ဟုတ်ကဲ့ မမ..အော်၊ချမ်း"

"ဟီးဟီး၊စားဖြစ်အောင်စားနော် သွားပြီး"

ခြံစောင့်ဉီးလေးကိုသူလက်ထဲကမုန့်ထုတ်ကိုလှမ်းပေးလိုက်သည်။

"အော်၊နွေဉီးမောင်"

သူတို့သွားဖို့ပြင်နေတုန်းခြံစောင့်ဉီးလေးကနွေ့ကိုလှမ်းခေါ်လိုက်သည်။နွေနဲ့ချမ်းလည်းအနောက်ကိုပြန်လှည့်ကြည့်၏။

"ဟုတ်ကဲ့"

"အကိုလေးမာန်က နွေဉီးကိုသူ့အခန်းထဲလာခဲ့ဖို့ပြောခိုင်းလိုက်တယ်"

"ဗျာ!!!"

နွေထိတ်လန့်သွားရ၏။ကိုကိုကဘယ်လိုစောစောပြန်ရောက်လာတာလဲ။သူဉီးဝိုင်းချစ်တို့ဆီသွားတာကိုသိသွားလို့ပြန်လာတာလား!။ဘာပဲဖြစ်ဖြစ်သူတော့ဆူခံထိတော့မည်။

"ဟမ်!မာန်ကပြန်ရောက်လာပြီးလာဉီးလေး!"

"ဟုတ်ပါတယ်၊ပြန်လာချင်းချင်းကျွန်တော့်ကိုပြောခိုင်းလိုက်တာပါ၊တော်တော်လေးစိတ်တိုနေတဲ့ပုံပဲ"

"မမ!ကိုကို..သိသွားပြီးလားမသိဘူး၊ဟင့်!"

"မသိလောက်ပါဘူးနွေရဲ့၊မမကူပြောပေးမယ်နော်"

ရန်ညိုးနဲ့အချစ်Where stories live. Discover now