နွေဉီးလေးအခန်းတွင်ဆရာဝန်တွေကခွဲစိတ်ခန်းဝတ်စုံတွေဝတ်ပေးပြီးလိုအပ်တာတွေလုပ်ပေးနေပါတယ်။ဒီနေ့ကနွေဉီးလေးရဲ့ခွဲစိတ်ရမယ့်နေ့လေးပေါ့။နွေဉီးလေးကကလေးသဘာဝအရသူခွဲစိတ်ရတော့မှာကိုသိသည်နှင့်မခွဲစိတ်ချင်ဘူးလို့ငိုနေပါတယ်။သူတို့တွေလည်းနွေဉီးကိုမနည်းချော့နေရတာပေါ့။
"ဟင့်အင်း!သားမခွဲဘူး ဟင့်!နာမှာ"
ကုတင်ပေါ်တွင်အငြိမ်မနေပဲဆရာဝန်လက်ထဲမှာရုန်းနေသည်။
"သား.!သားလေး မေမေ့စကားနားထောင်ပါနော် သားဒီလိုလုပ်မှကောင်းမှာမို့ပါ မငိုနဲ့တော့နော်!"
"ဟုတ်ပါတယ် နွေလေးရဲ့အဲ့တာလုပ်ပြီးရင်ကောင်းသွားမှာ ပြီးရင်မမနဲ့လိုက်တမ်းပြေးတမ်းကစားလို့ရပြီးလေ"
"ဟုတ်တယ် နွေလေးရဲ့သားသာ ဆေးကုလိုက်ရင်မမနဲ့လေကစားလို့ရပြီး သားလုပ်ချင်တာတွေလုပ်လို့ရပြီးလေ အဲ့ကြောင့်မငိုနဲ့တော့နော်"
တစ်ယောက်တစ်ပေါက်နှစ်သိမ့်ပေးတော့ဘာမှမပြောတော့ပဲမရုန်းတော့ပေမယ့်လည်းငိုတော့ငိုနေသေးပါတယ်။အဲ့ချိန်မှာတောင်သူ့ကိုကိုမာန်လာမယ်လို့မျှော်နေသေးပါသေးတယ်တဲ့လေ!
"အဲ့ဆို ကျွန်တော်တို့ခွဲစိတ်ဖို့ခေါ်သွားပါတော့မယ်"
ဆရာဝန်စကားကြောင့်နွေဉီးမှာပို၍ငိုချလာလေသည်။မိခင်ဖြစ်သူထားကတော့သူသားငိုနေတာကိုမကြည့်ရက်တာကြောင့်ငိုချင်နေပေမယ့်လည်းထိန်းထားနေသည်။
"ဟင့်!မေမေ"
"သားမငိုနဲ့တော့နော် လိမ္မာတယ်"
"ဟင့်!သားမရှိတော့ရင် ကို့ကိုကိုမမုန်းနဲ့နော် ကိုကိုကသားပေါ်ကောင်းပါတယ်"
သူ့ကိုမကောင်းမှန်းသိတဲ့လူတစ်ယောက်ကိုကောင်းတယ်လို့ပြောနေကတည်းကနွေဉီးကမာန့်အပေါ်ဘယ်လောက်သံယောဇဉ်တွယ်တာနေလဲဆိုတာအသိအသာပင်။
"သားအဲ့လိုစကားမပြောရဘူး!မေ့သားမေမေနဲ့တူတူနေရအုန်းမှာသားဘာမှမဖြစ်ဘူး!"
သူ့သားကိုသူအသံမာမာနှင့်ပြောလိုက်မိသည်။သူသားနဲ့နေချင်သေးသည်သားနဲ့ပျော်ရွှင်စရာတွေဖန်တီးချင်သေးသည်။မနေ့ကဆရာဝန်ရဲ့စကားကြောင့်ရှေ့ရသွားပေမယ့်လည်းသူအားတင်းထားရမည်။သားရှေ့မှာတော့အားနည်းတဲ့သူလိုမနေချင်ပေ။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။