Part21

571 13 0
                                    

"သမီး နွေမနိုးသေးဘူးလား"

"သမီး ခုနကသွားကြည့်တော့နိုးနေပါပြီး အဖေ"

မနက်စာစားဖို့ရန်မာန်နဲ့နွေကိုစောင့်နေကြခြင်းဖြစ်သည်။ဒီနေ့ကကျောင်းပိတ်ရက်မို့မာန်ကအိပ်ယာကိုနောက်ကျမှထတက်သည်မနေ့ကလည်းမိုးချူပ်မှအိပ်သည်လဲပါတာပေါ့။

"နွေ သမီးကိုဘာပြောသေးလဲ"

"ဟုတ် မနေ့ကကိစ္စတွက်သမီးကိုတောင်းပန်တယ် ပြီးတော့...နွေကအရင်ကနဲ့မတူတော့ဘူးအဖေ"

"ဘာကိုလဲ သမီး!"

"နွေ အရင်ကလိုမဟုတ်တော့ဘူး!အရင်ကဆို သမီးကိုပြုံးရွှင်ရွှင်ပြောတယ် မနက်အိပ်ယာနိုးတာနဲ့သမီးကိုမရှိရင်သမီးကိုအမြဲရှာတကျဲ့သူက ဒီနေ့သမီးကိုရှာလည်းမရှာသလိုမေးလည်းမမေးဘူး!"

နွေအကြောင်းကိုပြောနေရင်းဝမ်းနည်းသလိုဖြစ်လာလေသည်ကြောင့်ကိုယ့်စိတ်ကိုထိန်းရပြန်သည်။သူရင့်ကျပ်မှဖြစ်မည်လေ နွေတောင်ရင့်ကျပ်လာပြီးပဲက။နွေဘာဖြစ်နေလဲဆိုတာသိချင်မိတယ်။

"သမီးရယ် ကြာရင်အရင်လိုပြန်ဖြစ်သွားမှာပါ!အဖေကြည့်လုပ်မှာမို့စိတ်ထဲမထားနဲ့တော့နော်"

"........"

"ကဲ စားတော့စားတော့ အဖေနွေ့ကိုသွားကြည့်လိုက်မယ်"

"အဖေ ဖြစ်ပါ့မလား!"

"ဖြစ်ပါတယ် စိတ်မပူနဲ့နော် သမီးစားနှင့်ခနနေဖေဖေလာခဲ့မယ်"

"ဟုတ်!"

သတိုးလည်းချမ်းခေါင်းလေးကိုပွတ်သပ်ပေးပြီးအပေါ်ထပ်ကိုတက်လာခဲ့လိုက်ပါသည်။ချမ်းကတော့ဒီကိစ္စကိုသိချင်ပေမယ့်ထွေထွေထူးထူးမမေးနေတော့ပေ။

~~~~~~~~~~~
"သားနွေ"

အခန်းတံခါးကိုဟရုံလေးဖွင့်အရင်ဖွင့်ပြီးခေါင်းကိုနည်းနည်းတိုးဝင်ပြီးနွေနာမည်ကိုအရင်ခေါ်လိုက်လေသည်။နွေကတော့ကုတင်ပေါ်တွင်ထိုင်နေပြီး ဖုန်းကိုစူးစူးစိုက်စိုက်ဖြင့်ကြည့်နေလေသည်။

"သား ဘာလုပ်နေတာလဲ"

အခန်းထဲကိုဝင်လာပြီးတံခါးကိုပိတ်နေရင်းဖြင့်မေးလိုက်လေသည်။နွေကတော့ဖုန်းကြည့်နေတာကိုမပျက်ပေ။

ရန်ညိုးနဲ့အချစ်Where stories live. Discover now