Part33

448 9 0
                                    

"ကိုကို!တော်တော့!"

နွေအင်္ကျီတွေကိုချွတ်ပြင်နေတုန်းနွေ့စူးစူးဝါးဝါးအော်သံကြေင့်သူလက်တွရပ်တန့်သွားလေ၏။နွေကသူ့ကိုအခုလိုတစ်ခါမှမအော်ဖူးပေ။သူနွေ့ကိုမော့ကြည့်တော့သူ့ကိုစိတ်တိုသလိုကြည့်၍မျက်ရည်များအဝိုင်းသားနှင့်ပင်။

"ကိုကိုဘာလုပ်နေတာလဲဆိုတာရောသိရဲ့လား!နွေ့ကိုဘာထင်နေတာလဲ!"

"ကို.....!"

"ဟင့်!ဖယ်!"

သူ့ကိုယ်ကိုတွန်းချ၍ကုတင်ပေါ်ကကုန်းဆင်းသွားလေသည်။သူ့ကိုစိတ်ပျက်သလိုတောင်ကြည့်သွားသေးသည်။

"ကို...ကိုတောင်းပန်ပါတယ်နွေ!နွေသဘောမပါပဲအတင်းလုပ်မိသလိုဖြစ်သွားတယ်!ကိုတောင်းပန်ပါတယ်!"

"..........."

သူ့ကိုနောက်ကျော်ပေးထား၍သူ့စကားကိုရပ်၍နားထောင်နေလေသည်။

"နွေမကြိုက်ရင်ကိုနောက်တစ်ခါဘယ်တော့မှမလုပ်တော့ပါဘူး!ကို့ ကို....စိတ်မပျက်သွားပါနဲ့နော်. . .နွေ..!"

"..........."

ဘာမှပြန်မပြောတော့ပဲအခန်းထဲကထွက်သွားလေသည်။သူလိုက်၍တောင်းပန်ချင်ပေမဲ့အခြေနေပိုဆိုးသွားမှာကိုသိသည်ကြောင့်မနက်ကျမှနွေ့ကိုသေချာတောင်းပန်တော့ဖို့ဆုံးဖြတ်လိုက်တော့သည်။

နွေသူ့ကိုရွံ့သွားပြီးလားတောင်မသိ။‌သူတကယ်စိတ်လွှတ်သွားမိတာ။နွေ့ကိုဘယ်လိုမျက်နှာပြရမလဲတောင်မသိတော့ချေ။

~~~~~~~~~~~~
ဒေါက်!

ဒေါက်!

ဒေါက်!

"မမ၊နွေဝင်လာမယ်နော်၊အိပ်သွားပြီးလား"

နွေ့အသံကငိုသံပေါက်နေလေသည်။သူတစ်ယောက်ထဲမအိပ်ချင်လို့မမဆီကိုမနည်းပြန်ဆင်းလာရခြင်းပင်။အပေါ်မှာတုန်းကလည်းမာန်သူစိတ်မထိန်းနိုင်ပဲလုပ်တုန်းကလည်းသူအတင်းရုန်းပြီး၊သူ့ကိုကန်လိုက်တာကြောင့်ရောခြေထောက်ကပို၍ပင်နာလာလေသည်။ဒါမဲ့သူအံ့ကြိတ်ပြီးခံထားရလေသည်။

ချမ်းက‌နွေ့အသံကြားတော့မအိပ်သေးတာနဲ့ချက်ချင်းလာဖွင့်၏။မမကညအိပ်ဗိုက်ဖုံးအင်္ကျီအပြာရောင်နုနုနဲ့ပင်။ကလေးအမေလိုတာင်မထင်‌ရအောင်ချစ်ဖို့ကောင်းလွန်းသည်။

ရန်ညိုးနဲ့အချစ်Where stories live. Discover now