ဘာလိုလိုနဲ့နောက်လတောင်ကူးပြောင်းသွားခဲ့ပြီး။သူတို့နဲ့အတူ၆လလုံးလုံးတူတူရှိခဲ့တဲ့အန်တီကလည်းလူ့လောကကနေထွက်ခွာသွားခဲ့ပြီးလေ။သူတို့အတွက်မလွယ်ကူခဲ့ပေမယ့်နွေဉီးကသူတို့ထက်ပိုပြီးခံစားရမှာ သူ့အမေအရင်းကိုဆုံးရှုံးရတဲ့ခံစားချက်ကတကယ်ကိုခံပြင်းပါသည်။
သူ့အမေဆုံးတာသိပြီးထဲကထမင်းဆိုလည်းကောင်းကောင်းမစားအမြဲတမ်းပျော်ပျော်နေတက်တဲ့ကလေးကခုဆိုငြိမ်လို့မှိုင်လို့ညဆိုလည်းမနည်းသိပ်ရတယ်နေ့တိုင်းငိုနေ့တိုင်းတမှိုင်မှိုင်နဲ့။ခုတော့သူနေသားကျသွားပြီးထင်ပါရဲ့အရင်လိုတော့မမှိုင်နေတော့ပါဘူးချမ်းနဲ့ဆိုလည်းနည်းနည်းပါးပါးကစားပြီးရီပြုံးနေပါပြီး။
သတိုးဆိုလည်းတစ်ပတ်လုံးလုံးအိပ်မပျော်ခဲ့ပါဘူးညညဆိုလည်းကြိတ်ကြိတ်ငိုတက်တယ်ကလေးတွေရှေ့မှာတော့အမြဲတမ်းပြုံးပျော်နေတက်ပါသည်။လူကြီးတစ်ယောက်အနေနဲ့ရောအဖေတစ်ယောက်အနေနဲ့ပါသူလုပ်သင့်သည်မလား။သူလည်းနေသားကျသွားပါပြီးလေ။ထွက်သွားတဲ့သူထက်ကျန်ခဲ့တဲ့သူကပိုပြီးခံစားရသည်။
မာန်ကအရင်ကထက်တော့နွေဉီးလေးအပေါ်အနိုင်မယူတော့ဘူးဒါပေမယ့်မောင်နှမလိုခေါ်ပြောတာတော့မဟုတ်ပါဘူး။ကျောင်းဆိုလည်းသူနဲ့အတူလိုက်ချင်တယ်ဆိုပေးလိုက်သည်ကျောင်းမှာလည်းအနိုင်မကျင့်တော့။သူ့ကိုအနိုင်ကျင့်တဲ့သူတွေ့ရင်လည်းချက်ချင်းကျောင်းထုတ်သည်။အဲ့ကြောင့်နွေဉီးကိုဘယ်သူမှအနိုင်မကျင့်ရဲတော့ပါ။
မနက်စာကိုတူတူစားကြပြီးကျောင်းသွားဖို့ပြင်နေကြသောနွေဉီးတို့။
"သားမာန် ကျောင်းမှာစာတွေလိုက်နိုင်ရဲ့လား?"
"အင်း လိုက်နိုင်ပါတယ်"
"ကောင်းပြီးသား စာပဲကြိုးစားနော်ကြားလား"
"အင်း"
"နွေဉီးလေးရော လိုက်နိုင်လားစာ?"
"ဟုတ် သားလိုက်နိုင်ပါတယ် ဒါမယ့်..."
"ဒါမယ့် ဘာဖြစ်လို့လဲသား သားကိုဘယ်သူအနိုင်ကျင့်လို့လဲ!"
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။