နွေဉီးလေးလည်းနေ့လည်ထမင်းစားချိန်ထိ ဆရာမရဲ့ခွဲခြားဆက်ဆံတာကိုရောကျောင်းသားတွေကလည်းခွဲခြားဆက်ဆံတာကိုသည်းခံပြီး သူသည်းခံပြီးစောင့်ဆိုင်းနေတဲ့နေ့လည်ထမင်းစားချိန်ကိုရောက်လာခဲ့ပါတယ်။
သူလည်းထမင်းစားမယ့်ချိန်သူ့ကိုကိုမာန်ကိုထမင်းချိုင့်သွားပို့ပေးဖို့သတိရလာတာကြောင့် မာန်ရဲ့အခန်းကိုအပြေးသွားရပါတယ်။မာန်ရဲ့အဆောင်ကသူနေတဲ့အဆောင်ရဲ့နောက်တစ်နေရာမှာရှိတာကြောင့် နောက်ကျရင်မာန်ကဆူမှာသိသည့်အတွက်အပြေးသွားရပါတယ်။
*ဟင့်!နောက်ကျတော့မယ်*
သူလည်းစိတ်ထဲကနေနောက်ကျတော့မယ်ဆိုတာကိုတစ်ဖွဖွပြောပြီး ပြေး၍သွားနေခဲ့ပါသည်။မာန်ရဲ့အတန်းဆီရောက်တော့အသက်ကိုလုရှုနေရပါသည်။နကိုထဲကနှလုံးရောဂါအခံရှိသည့်သူဆိုတော့တစ်ခါတစ်လေအသက်ရှုကျပ်ပြီးေမာတက်သူဖြစ်သည့်အတွက်အမေဖြစ်သူကပြေးတာတွေမောမည့်အလုပ်တွေကိုမလုပ်ခိုင်းပါဘူး။သူ့ကိုကိုမာန်ဆူမှာကြောက်သည့်အတွက်မေမေမှာခဲ့တာကိုတောင်သတိမရတော့ပေ။
အတန်းရှေ့မှာခနအမောဖြေပြီးမှ အတန်းထဲဝင်သွားပါသည်။သူ့ကိုအတန်းထဲကကျောင်းသားကျောင်းသူတွေကအနိုင်ကျင့်မှာကိုလည်းကြောက်ရသေးသည်။
သူဝင်သွားတော့အတန်းရဲ့ထောင့်ဆုံးနေရာမှာ စာအုပ်လေးကိုင်ပြီးစာဖတ်နေသူကိုတန်းတွေ့ပါသည်။သူ့ဆီကိုမရဲတရဲလျှောက်သွားပြီး ခုံပေါ်ထမင်းချိုင့်တင်ပေးပြီးပြေးမည်လုပ်တော့ မာန်ကလက်ကိုလှမ်းဆွဲသည်ကြောင့်အရှိန်မထိန်းနိုင်ဘဲသူ့ရှေ့မှာဒူးထောက်လျက်သားကြသွားရသည်။
"ဟင့်!ကိုကို သားတောင်းပန်ပါတယ်"
"ဘာအတွက်တောင်းပန်တာလဲ?"
"ဟို..သားထမင်းချိုင့်ပို့တာနောက်ကျသွားတယ် နောက်..နောက်မဖြစ်စေရပါဘူး"
မာန်ရှေ့မှာဒူးထောက်လျက်သားခေါင်းမဖော်ရဲပဲငိုပြီးတောင်းပန်နေရှာသည်။
"အော်!မင်းအပစ်မင်းသိတယ်ပေါ့"
"ဟင့်!"
"အဲ့ဆို ကိုယ့်အပစ်ကိုသိမှတော့အပစ်ပေးရမှာပေါ့!"
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။