"ဟေ့ကောင်မင်းခန့်!"
"ဘာလဲကွာ!"
Barတွင်မင်းခန့်စိုင်းလုံကရှိနေတာဖြစ်၏။ထောင့်ကျတဲ့နေရာတွင်ထိုင်နေပြီးအရက်များကိုတစ်ခွက်ပြီးတစ်ခွက်သောက်နေလေသည်။ညဘက်တွေသူ့အဖေကအပြင်ပေးမထွက်သည်ကြောင့်နေ့ဘက်တွင်သာသွားရသည်။သူ့အဖေကတော့Barသွားအရက်သောက်ကိုတော့ခွင့်မပြုထားပေ။
သူနဲ့အတူပါလာတဲ့သူငယ်ချင်းကသူ့ဆီကိုပြေးလာ၍မောနေသည့်အသံဖြင့်ခေါ်လိုက်ခြင်းပင်။
"ဟို...နွေ..နွေဉီးမောင်ဘဲလေ!"
"ဘာဖြစ်လဲ!"
"သူ...သူမင်းကိုလာရှာနေပြီးကွ!"
"အဲ့တော့ဘာဖြစ်လဲ!ကြောက်နေရမှာလား?"
"ကျစ်!ဒီကောင်တော့ကွာ!မင်းမကြောက်ပေမဲ့ငါကြောက်တယ်ကွာ!အိမ်ကိုတော့အသက်မပါပဲမပြန်ချင်သေးဘူးကွ!"
"ကြောက်နေရင်လည်းငါနဲ့လာမပေါင်းနဲ့ကွာ!ဘာကောင်တွေမှန်းမသိဘူး!"
ပြောရင်းအရက်ခွက်ကိုကိုင်၍ထပ်သောက်လေ၏။
"ငါ..ငါပြန်ပြီးကွာ!မင်းဘာသာမင်းနေခဲ့တော့!"
"သွားကွာ!ဘယ်လိုငကြောက်ကောင်တွေလည်းမသိဘူး!!"
သွားဆိုသည့်သဘောနှင့်လက်ခါပြပြီးအရက်ကိုတစ်ခွက်ထက်ထည့်ပြီးထက်သောက်၏။
"မင်းကသတ္တိတွေကောင်းနေတာပဲနွေဉီးမောင်ရ!"
"ဘာလဲ!မင်းမပြန်နိုင်သေးဘူးလား!"
သူ့ရှေ့ကိုအရပ်ရှည်ရှည်လူတစ်ယောက်ကလာရပ်သည်ကြောင့်ခေါင်းမဖော်ပဲပြောလိုက်သည်။
"ဘာပြန်လာယူ.....!ခဗျား!"
သူ့ရှေ့ကလူကိုသူ့သူငယ်ချင်းထင်၍မော့ကြည့်လိုက်တော့သူ့သူငယ်ချင်းမဟုတ်ပဲမာန်ဖြစ်နေသည်ကြောင့်ချက်ချင်းထရပ်လိုက်၏။
"ဘာလဲ!ခဗျားကောင်ကိုထိတော့ငါ့ကိုပြန်လုပ်ဖို့လား!မကြောက်နေဘူးနော် မင်းခန့်စိုင်းလုံတို့က!!"
"ဟုတ်လား!စောင့်ကြည့်ကြသေးတာပေါ့!"
ခက်တည်တည်ဖြင့်ခုံပေါ်တွင်ခြေချိတ်၍ထိုင်လိုက်သည်။သူ့ကိုမခန့်မလေးစားသလိုရွဲ့ပြပြီးဇိမ်ရှိရှိထိုင်နေသူကိုကြည့်၍ဒေါသပင်ထောင်းခနဲပင်။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။