Part9

773 21 0
                                    

သာယာတဲ့နေ့တစ်နေ့မနက်ခင်းဆေးရုံတစ်ခုတွင်

"အ..အမေ နွေ..နွေဉီးလေးနိုးလာပြီး"

နွေဉီးကုတင်ဘေး‌တွင်ထိုင်နေတုန်း နွေလေးကမျက်လုံးလေးဖြည်းဖြည်းချင်းဖွင့်လာပြီးလက်လေးလှုပ်လာတာကြောင့် အခန်းထဲမှာတစ်ခါတည်းပါတဲ့မီးဖိုချောင်ထဲတွင်ဟင်းချက်နေတုန်းချမ်းရဲ့အော်သံကြောင့်သတိုးရော ထားပါချက်ချင်းကိုထွက်လာကြပါသည်။

"သား..သားလေး!"

‌ချက်ချင်းကိုပြေးလာပြီးသည်နှင့်‌လွတ်နေတဲ့နေရာမှာထိုင်ပြီးနွေလေးရဲ့လက်လေးကိုကိုင်ပြီးမေးနေခြင်းပင်။

"သားလေး မေ့သားနာနေသေးလားဟင်"

နွေလေးကအောက်ဆီဂျင်တက်ထားသည်သည်မို့စကားမပြောနိုင်တာကိုမေ့ပြီးထားကမေးလိုက်သည်။

"ထား သားမှစကားမပြောနိုင်တာ ကိုဆရာဝန်ခေါ်လိုက်မယ်"

"အော် ဟုတ်သား ဟီးမေမေမေ့သွားတာ"

"နွေလေး ဘာမှမဖြစ်တော့ဘူးနော် ခုကောင်းသွားပြီးနောက်ဆိုရင်မမနဲ့ လိုက်တမ်းပြေးတမ်းဆော့လို့ရပြီး"

ချမ်းပြောသည်ကြောင့်နွေကအသိမှတ်ပြုသည့်သဘောနှင့်ခေါင်းလေးမသိမသာညိတ်ပြလိုက်သည်။

"အမေ နွေကသမီးကိုခေါင်းညိတ်ပြတယ်"

"ဟွန့် မေမေ့ကိုကျညိတ်ပြဘူးပေါ့ သူ့မမကိုပဲချစ်တာနေမှာ"

သူ့အမေစလိုက်သည်ကြောင့်နွေလေးကမသိမသာလေးပြုံးပြလိုက်သည်။ချမ်းနဲ့သတိုးကလည်းရယ်နေကြသည်‌။

"မောင်!"

"အင်း ပြောလေထား"

"ဟိုလေ..!မောင်သားမာန်ကိုမဆူပါနဲ့တော့နော် ပြီးတော့..!"

"ထား!ကိုသူ့ကိုအလိုထက်မလိုက်နိုင်တော့ဘူး သူ့အမှားအတွက်သူခံရမယ်!"

"ဒါမယ့်..!"

"ထား!ကိုသိတယ် သူကကို့သား ကို့သွေးသား ဒါမယ့်သူဆိုးနေတာရိုင်းနေတာကို ကိုခွင့်မလွှတ်နိုင်ဘူး!"

"မောင်!ဒါမယ့် ခုသားနွေ‌လည်းဘာမှမဖြစ်တော့ဘူးပဲ ပြီးတော့သားနွေကလည်းမာန့်ကိုမမုန်းဖို့ပြောတာလေ အဲ့စကားကလည်းမဆူဖို့လည်းပါ...!"

ရန်ညိုးနဲ့အချစ်Where stories live. Discover now