ခွမ်း!!!
"အ့!တောက်!"
အရှိန်မပြင်းပေမယ့်ပန်းအိုးရဲ့ဖန်ခွက်စတွေကတွေသူ့ခေါင်းပေါ်အနည်းကိုစိုက်သွားသည်ကြောင့်သွေးတွေကခေါင်းကနေနဖူးပေါ်ကိုစီးကျလာလေသည်။ခေါင်းကအရှိန်ကြောင့်ညီညီမောင်ကအနောက်သို့ရိုင်ခနဲဖြစ်သွားလေသည်။နွေလည်းအဲ့အခွင့်ကောင်းကိုယူပြီးအခန်းတံခါးဆီကိုအပြေးသွားပေမယ့်တံခါးကအပြင်ကနေလော့ချထားသည်ကြောင့်ဖွင့်မရပေ။
"အဟီးး!!"
ချလပ်!ချလပ်!
တံခါးကိုဖွင့်ရမလားဆိုပြီးဖွင့်ကြည့်နေပေမယ့်မရပေ။ညီညီမောင်ကလည်းမူးဝေသည့်အရှိန်ပြေသွားသည့်ပုံပင် နွေ့ဆီကိုတစ်လှမ်းချင်းလျှောက်လာလေသည်။သူ့မျက်ဝန်းမှာလည်းဒေါသများကိုအထင်အရှားပင်။အပေါ်ပိုင်းဗလာဖြစ်သည့်သူကဗိုက်ကကြွက်သားများကအထင်အရှားပင်။သူ့အဖေကလည်းဖြူသည့်ဘက်သွားသည်ကြောင့်သူကလည်းဖြူသည်၊ရုပ်ရည်ကတော့သိပ်ချောမောတဲ့ဘက်မသွားပေမဲ့အသင့်သင့်တော့ရှိလေသည်။
"မင်းကငါ့ကိုလုပ်ရဲတယ်ပေါ့!!ဟုတ်လား!!"
သူ့ရှေ့ကိုရောက်လာသည့်ညီညီမောင်ကိုမြင်သည်နှင့်ကြောက်လန့်၍ကြမ်းပြင်ပေါ်ကိုခွေကျသွားလေသည်။
"အဟင့်!တောင်းပန်ပါတယ်!အားးး!!"
သူ့ဆံပင်ကိုအားကြီးနှင့်ဆွဲမလိုက်သည်ကြောင့်သူ့ကိုယ်ကအလိုက်တသိထလိုက်မိသည်။
"အ့!အား!နာ..နာတယ်!လွှတ်ပေးပါ!အ့!"
ဆံပင်ကိုဆွဲထားသည့်လက်ကိုသူ့လက်နှစ်ဖက်ဖြင့်တွန်းဖယ်နေသောလည်းအချင်းနှီးပင်။အခန်းတံခါးကိုသော့တစ်ခုဖြင့်ဖွင့်ပြီးနွေ့ဆံပင်ကိုဆွဲထားလျက်ပင်ဒရွတ်တိုက်ဆွဲခေါ်လာလေသည်။ညီညီမောင်ဆွဲလာသည့်နေရာကတော့မလိုအပ်သည့်ပစ္စည်းတွေထည့်သည့်ဂိုထောင်ကိုပင် အဲ့နေရာကအလင်းရောင်ကိုမရှိပေ မှောင်မဲနေတာမှဘာမှကိုမမြင်ရသည့်အထိပင်။နွေ့ကိုသူဒီအခန်းထဲပိတ်တာဆိုအခုပါထပ်ပိတ်ရင်နှစ်ခါမြောက်တောင်ရှိနေပြီးဖြစ်သည်။
ငယ်ငယ်တုန်းလည်းသူ့အဖေကသူ့အမေဈေးရောင်းထွက်သည့်အချိန်ဆိုသူအပစ်လုပ်မိရင်အမှောင်အခန်းထဲမှာထည့်ပိတ်ထားလေ့ရှိသည်။ငယ်ငယ်ထဲကသူအမှောင်ကြောက်တက်သည်။သူ့အဖေနဲ့မနေတာကြာတော့သိပ်မကြောက်တက်တော့ပေမဲ့လည်းညီညီမောင်ပြန်လုပ်လို့သူပြန်ကြောက်နေရပါပြီး။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။