"ပါးပါးရေ...!နိုးသေးဘူးလား!ထတော့လေဗျာ!"
သူ့ပါးပါးအခန်းတံခါးကိုတဘုန်းဘုန်းထု၍အော်နေလေ၏။ဒီနေ့ကပါးပါးမွေးနေ့လေ။မနေ့ကသူ့ကိုပါးပါးကပြောထားတယ်မနက်ဖြန်ကြရင်ပါးပါးရယ်ဒယ်ဒီရယ်သူရယ်အပြင်လျှောက်လည်ကြမယ်တဲ့။အဲ့တာေကြာင့်လာနှိုးတာ။ပါးပါးတို့ကမနက်၈နာရီတောင်ထိုးနေပြီးအခုထိမထသေးပေ။
"ပါးပါး!ဒယ်ဒီ!"
ဒေါက်!
ဒေါက်!
ဒေါက်!
ဒေါက်!"မြေးငယ်၊ဘာလုပ်နေတာလဲကွယ်"
သတိုးကရုံးသွားဖို့အတွက်suitအနက်တို့ကိုဝတ်ဆင်ထား၏။ဒီနေ့ကသူ့သားနွေမွေးနေ့ဖြစ်လို့အလုပ်နားမယ်ကြံထားပေမဲ့ကုမ္ပဏီမှာကပြဿနာနည်းနည်းတက်နေလို့သူမသွားမဖြစ်လို့သာသွားရမှာ။ဒါမဲ့ညနေဘက်တော့မိသားစုတွေညစာစားကြဖို့စီစဉ်ထားတာမို့ညနေအမှီတော့သူပြန်လာမည်။
အခန်းထဲကထွက်ထွက်ခြင်းမာနလေးကသူ့ပါးပါးတို့အခန်းရှေ့မှာအော်နေတာကြောင့်သူလည်းမာနလေးအနားသွားကာမေးလိုက်၏။
"မြေးရယ်!လက်တွေနာနေပါအုန်းမယ်၊ဘာလို့ဒီလောက်ထိတံခါးကိုခေါက်နေကတာလဲကွဲ့!"
မာနလေးလက်ကိုကိုင်၍ပွတ်ပေးလိုက်၏။မာနလေးကတော့မျက်နှာလေးရှုံ့မဲ့နေ၏။သူအလိုမကျရင်အဲ့လိုအမြဲလုပ်တက်သည်။
"ပါးပါးကဒီနေ့လျှောက်လည်မယ်ပြောပြီးထလည်းမထသေးဘူးလေ!အဲ့တာကြောင့်အော်ခေါ်နေတာ၊သားခေါ်နေတာကြာပြီးထလည်းမထကြသေးဘူး!"
"ပါးပါးတို့ပင်ပန်းနေကြလို့နေမှာပေါ့မြေးရဲ့၊အခုမှ၈နာရီပဲရှိသေးတာပဲမြေးရဲ့"
"ဘာလို့ပင်ပန်းတာလဲ?ညတုန်းကစောစောအိပ်ယာဝင်သွားကြတာလေ"
"အဲ့တာက.....!အဲ့တာ..!"
သူပြောပြီးသူ့မြေးကပြန်မေးတော့ဂျောင်ပိတ်သွားရ၏။
"သား"
မာန်ကအခန်းတံခါးကိုဖွင့်တော့အခန်းရှေ့မှာမာနလေးနဲ့သူ့အဖေကိုတွေ့ရ၏။အစတည်းကသားမာနလေးအသံကြားပေမဲ့သူကတော့မလှုပ်ချင်တာကြောင့်ခနလောက်မှိန်းနေလိုက်တာ။နောက်တော့သားကတံခါးကိုအဆက်မပျက်ထုနေသည်ကြောင့်နွေနှိုးသွားမှာဆိုးလို့ထလိုက်ရတာပင်။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။