Part40

542 6 0
                                    

{၂လကြာပြီးနောက်}

မခိုင်နှင်းနဲ့ကိုကိုကအခုဆိုအလုပ်တောင်တူတူတွဲလုပ်နေကြပြီးဖြစ်သည်။ကိုကိုဟိုတစ်ခါတုန်းကအခက်ခဲရှိတုန်းကသူကကူညီခဲ့သည်ကြောင့်ရောသူကစကားချိုချိုလေးတွေနဲ့ပြောနေသည်ကြောင့်ကိုကိုကအလုပ်တူတူတွဲလုပ်ဖို့သဘောတူခဲ့တာဖြစ်သည်။သူလည်းအလုပ်အတူတူတွဲလုပ်ဖို့အခါ၂၀မကပြောခဲ့ပြီးဖြစ်သည်။ကိုကိုက‌ေဖဖေရဲ့အကူညီကိုမလိုချင်တာကြောင့်သူကူညီတာကိုလည်းအစကလက်မခံခဲ့၊သူကကိုကို ကိုတောင်ဘာမှမပြောပဲသူ့သဘောနဲ့သူကူညီခဲ့တာကြောင့်ဖြစ်သည်။

သူလည်းသဘောကောင်းတဲ့သူတစ်ယောက်ပါပဲ၊ဒါပေမဲ့လည်းကိုကိုနဲ့သူ့ကြားဝင်ရှုပ်နေသည်လို့ထင်သည်ကြောင့်သူကိုတော့သိပ်အမြင်မကြည်ပါ။အိမ်ကိုတောင်ခနခနလာလာလည်နေတာဖြစ်သည်။ကိုကိုကမလာဖို့ပြောပေမဲ့၊မမချမ်းနဲ့သူကရင်နှီးနေတာကိုအကြောင်းပြပြီးကိုကို့ဆီကိုအမြဲလာသည်။

အခုတောင်သူကအိမ်ရောက်နေတာဖြစ်သည်။နွေကကျောင်းပိတ်သွားပြီးမို့အိမ်မှာရှိနေတာ။ကိုကို့အလုပ်ကပိတ်ရက်မထားထားပေမဲ့နွေကျောင်းပိတ်ရင်တော့အချိန်ပေးသည်။ကိုကိုနဲ့နွေလက်ထပ်ပြီးထဲကကိုကိုကသူ့ကိုအရင်ကထက်ပို၍ဂရုစိုက်သည်။

"မမ၊ဝက်ပေါက်တောင်၂လပြည့်တော့မယ်နော်"

သူ့လက်ထဲကဝက်ပေါက်လေးကိုငုံကြည့်၍ပြောလိုက်၏။အခုကသူတို့ကခြံထဲကကျောက်ဆောင်တွေနဲ့လုပ်ထားသည့်ခုံမှာထိုင်နေကြသည်ဖြစ်သည်။အလယ်မှာလည်းကျောက်ဆောင်စားပွဲလည်းရှိသေးသည်။အဲ့မှာကနွေရယ်၊ကိုကိုရယ်၊မမချမ်းရယ်၊ဝက်ပေါက်ရယ်ဟိုအစ်မကြီးပါရှိနေသည်။

"ဟုတ်ပါ့ရှင်၊ကြည့်ပါအုန်း၂လသားလေးက၁၀လသားအရွယ်လောက်ရှိနေပြီး"

"မမကဝက်ပေါက်ကိုနို့တွေတစ်ချိန်လုံးတိုက်နေတာကို၊အဲ့ကြောင့်ထွားတာ"

"ဟောရှင်၊ကျွန်မကိုယ်ဝန်ဆောင်တုန်းကလည်းရှင်လေးကတစ်ချိန်လုံးကျွေးနေတာကိုလည်းထည့်ပြောပါအုန်း!"

"ဟဲဟဲ၊အဲ့တာကလူနှစ်ယောက်စာကျွေးတာပါ"

"ဟင်းဟင်း"

ရန်ညိုးနဲ့အချစ်Where stories live. Discover now