"အဲ့ကောင်ဆီသွားမယ်အဖေ!!"
ချမ်းကိုအိမ်မှာခနနားခိုင်းဖို့အရင်ပို့လိုက်ပြီးမာန်ကတော့ ချမ်းရဲ့ကောင်လေးဆီသွားဖို့ကားေပါ်မှာကားေမာင်းေနရင်းသတိုးကိုပြောနေခြင်းပင်။ချမ်းကတော့သူဆီမသွားတော့ဖို့၊ဘာမှသွားမပြောတော့ဖို့နဲ့ဒီကလေးကိုသူတစ်ယောက်ထဲလည်းပျိုးထောင်နိုင်တယ်လို့ပြောပေမဲ့မာန်နဲ့သတိုးကတော့ငြိမ်ခံမနေနိုင်ပေ။
"အင်း!သွားကြတာပေါ့!"
"အွန်း!"
"သားသူဘယ်မှာရှိလည်းသိလို့လား"
"သိတယ်!"
"အင်း!တော်တယ်သား"
"............"
"သားလည်းတာဝန်ယူတက်တဲ့ယောင်္ကျားဖြစ်အောင်နေပါသား!ကိုယ်လုပ်တဲ့ဘယ်ကိစ္စမဆိုတာဝန်ယူတက်ရမယ်!အဖေပြောတာနားလည်လားသား!"
"အင်း!"
"နွေကိုအဖေ သားနဲ့စိတ်ချလို့ရတယ်မို့လား?"
"စိတ်ချပါ!!"
"အင်း"
စကားကိုအဆုံးသတ်လိုက်ကြပြီးတည်နေရာကိုသာအာရုံစိုက်၍သွားနေကြလေသည်။
.
.
.
၁၀မိနစ်လောက်ကြတော့Hotelတစ်ခုတွင်ရပ်လိုက်ကြပြီးအထဲကိုလျင်မြန်စွာဝင်သွားကြလေသည်။သူတို့အထဲရောက်တော့အားလုံးကသူတို့ကိုဉီးညွှတ်ကြတော့မာန်ကနည်းနည်းတော့အံ့ဩသွားလေသည်။"ဒီနယ်တစ်ဝိုက်က Hotel တွေနေရာတော်တော်များများကိုအဖေပိုင်တယ်လေ၊သားကိုတော့အားလုံးတော့မပြောပြရသေးဘူး နောက်မှအေးဆေးပြေပြမယ်"
"အွန်း!"
ဓာတ်လှေကားအပေါ်ကိုတက်သွားကြပြီးဒုတိယထပ်ရဲ့အခန်းနံပါတ်၃၀ကိုသွားနေကြပါသည်။
ဒေါက်..ဒေါက်..
အခန်းရှေ့ရောက်တော့မာန်ကတံခါးခေါက်လိုက်လေသည်။အတော်ကြာကြာမဖွင့်သေးတာကြောင့်မာန်ကထပ်ခေါက်လိုက်လေသည်။
ဒေါက်..ဒေါက်..ဒေါက်..ဒေါက်..
ခနလောက်ကြတော့တံခါးကိုမိန်းကလေးတစ်ယောက်ကလာဖွင့်ပေးလေသည်။အဲ့မိန်းကလေးကစောင်တစ်ထည်ကိုသာဖရိုဖရဲခြုံထားလေသည်။
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။