"သားမာန် ကျောင်းမသွားသေးဘူးလား"
မနက်၈နာရီခွဲလောက်ရှိနေပြီးဖြစ်ပေမယ့် အခန်းထဲကထွက်မလာသေးတဲ့မာန့်ကြောင့်ကြီးမေကအခန်းရှေ့မှာလာပြောနေခြင်းပင်။
"သားမာန် ကြီးမေပြောတာကြားလားသား"
ခေါ်နေပေမယ့်အသံမကြားတာကြောင့်တံခါးနားကိုကပ်ပြီးမေးပေမယ့်ဘာသံမှမထွက်လာပါဘူး
"သားမာန်!သား!တံခါးဖွင့်ပါအုန်း သား!"
ဘာသံမှပြန်မကြားတာကြောင့် အခန်းရဲ့သော့အပိုကိုမြန်မြန်ရှာပြီးဖွင့်လိုက်ပါသည်။အခန်းထဲရောက်တော့လည်း ဘယ်နေရာရှာရှာမတွေ့တာကြောင့်ပို၍စိတ်ပူလာသည်။
အောက်ထပ်ကိုဆင်းပြီးခြံစောင့်ဉီးဘကို ကိုမေးဖို့ဆင်းလာပါသည်။
"ဘကို!မာန်ကိုတွေ့သေးလား!"
"ဗျာ မာန်ကိုလား မတွေ့မိဘူး ကျွန်တော်လည်းခုနကမှဟိုဘက်အဆောင်ကမနက်စာစားပြီးလို့ပြန်လာတာ"
"အဲ့ဆို မာန်ကဘယ်ရောက်သွားတာလဲ!မင်းလည်းအလုပ်ကိုသေချာမလုပ်ဘူး!"
"တောင်းပန်ပါတယ်"
"ကျစ်!ထွဋ်ညီတို့ကိုသွားပြောလိုက် လိုက်ရှာလို့ သွားမြန်မြန်!"
"ဟုတ်"
ဉီးဘကိုလည်းမြန်မြန်သွားပြောပြီး ကြီးမေကတော့ဉီးသတိုးကိုဖုန်းဆက်ဖို့ပြင်ပါတယ်။
တီ..တီ..တီ..
ဟိုဘက်ကဖုန်းကိုင်သည်နှင့်ဘယ်လိုစပြောရမလဲကိုမသိအောင်ကိုစိတ်လှုပ်ရှားနေပါသည်လေ။
"ဟလို ပြောပါဒေါ်မေ"
"ဟို...ဟိုဟာ"
"ဘာပြောမို့လဲ?ဘာတွေဟိုနေတာလဲ ဒေါ်မေ!"
"ဟိုလေ ဆရာ!မာန်လေ ဟို..!"
"မာန်!မာန်ဘာဖြစ်လို့!ဟမ်!!"
"ဟို..!!"
"ပြောမြန်မြန် သားမာန်ဘာဖြစ်လို့လဲ!"
"မာန် အိမ်မှာမရှိတော့ဘူး!ရှာတာလည်းမတွေ့ဘူး..ဘယ်လို..လုပ်မလဲ ဆရာ!"
"ဘာ!တောက်!ဒါလေးတောင်မကြည့်နိုင်ဘူးလား!ဟိုကောင်ဘကိုကရောဘာလုပ်နေတာလဲ ဟမ်!တောက်!မင်းတို့တွေ!"
YOU ARE READING
ရန်ညိုးနဲ့အချစ်
Actionဤficသည်ရိုင်းစိုင်းသည့်စကားလုံးများပါနိုင် သည့်အတွက်ကြောင့်မနှစ်သက်ပါက အစတည်းကမဖတ်ဖို့ပြောချင်ပါတယ်ရှင့်..!! ဤဇာတ်လမ်းသည်စိတ်ကူးယဉ်သက်သက်သာဖြစ်သည့်အတွက်အပြင်လောကနှင့်ကွာခြားမှု့လေးတွေတော့ရှိနိုင်ပါသည်။