Chapter : 2

576 93 9
                                    

ကြောင်ဖြူလေးဟာ အိမ်ပြန်ရောက်ထဲက အခန်းအောင်းနေတာ ၂ရက်ကျော်‌လေပြီ။ အရင်လို ညဘက်ထွက်ပြီး တမြောင်မြောင်လုပ်စရာလည်းမလိုတော့သလို လုပ်ချင်စိတ်လည်းမရှိတော့ပါ။ သူ့စကားသံကိုကြားရတာ ကောင်မလေးချောချောလေးမဟုတ်ပဲ အရမ်းချောတဲ့ဘဲတပွေဖြစ်နေတာကို လက်ခံနိုင်စွမ်းမရှိသေး‌‌ချေ။ မိသားစုထဲ သူ့လိုအဖြစ်မျိုးကြုံဖူးတဲ့လူလည်း သိသလောက်တော့ မရှိပေ။ ဖေဖေနဲ့ တခြားဦးလေးတွေ အကိုတွေ အကုန်လုံး သူတို့ရဲ့ဖူးစာရှင်က မိန်းကလေးပဲဖြစ်ခဲ့တာ၊ သူ့အလှည့်ကျမှ ဘာလို့ ယောကျာ်းလေးလဲ?!

Matthew ရဲ့အိပ်မက်က တခြားဆယ်ကျော်သက်တွေလို တက္ကသိုလ်တက်ရင်း အဆောင်/ကိုယ်ပိုင်အခန်းနဲ့ သီးသန့်နေကာ ဝါသနာပါတဲ့အလုပ်ကိုအောင်မြင်အောင်လုပ်ဖို့‌ဖြစ်တယ်။ သူ့သူငယ်ချင်းတွေဆို မိဘနဲ့ခွဲနေကြပြီး သူကတော့ အိမ်နဲ့ခွဲနေဖို့ မဖြစ်နိုင်သေးပါ။ အဆောင်မှာလူစုပြီးနေဖြစ်ခဲ့လျှင် ညည သူဘယ်ရောက်သွားတာလဲ ပြန်မအိပ်ဘူးလား စတဲ့မေးခွန်းတွေကိုပဲနေ့စဉ်ဖြေရနိုင်သလို၊ တစ်ယောက်ထဲခွဲနေပြန်လျှင်လည်း ညဘက် တမြောင်မြောင်လုပ်ပြီး အိမ်ပြန်လာဖို့ခက်ပါတယ်။

တသက်လုံးကြောင်အဖြစ်နဲ့နေမလား ရှာတွေ့တဲ့လူနဲ့အိမ်ထောင်ပြုရမလား ဆိုတဲ့မေးခွန်းနှစ်ခုကြားမှာ သူအဖြေပျောက်နေတာ ၂ရက်ကျော်‌ပါပြီ။ လမ်းဘေးမှာဒဏ်ရာရနေတဲ့ကြောင်ကို ဆေးခန်းပြ အိမ်ထိခေါ်သွားပေးတာကြောင့် ထိုလူမှာ စိတ်ထားကောင်းတဲ့လူဖြစ်ကြောင်း မှားနိုင်စရာမရှိပေ။ ရုပ်ရည်မှာလည်း အပြစ်ဆိုနိုင်စရာတစ်ကွက်မရှိ၊ ခန္ဓာကိုယ်အချိုးအစားကလည်း သူလိုချင်လို့ Gym ဆော့နေတာတောင် မရသေးတဲ့အရပ်နဲ့ခန္ဓာကိုယ်မျိုးဖြစ်ကာ အားကျဖွယ်အတိ။

အတွေးများပြီးဆက်ခွေနေလို့မထူးတာကြောင့် Matthew အခန်းထဲကထွက်လာပြီး ဒီအချိန် ဖေဖေကအလုပ်မှာမလို့ အပြင်သွားမဲ့အကြောင်း မေမေ့ကိုပဲပြောခဲ့ကာ အိမ်ပြင်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ဦးတည်ရာကတော့ သေချာပေါက် ကိုလူချောရဲ့အိမ်ဘက်ကိုပါ။ အဲ့နေ့က အလန့်တကြားခုန်ထွက်လာပေမဲ့ အခန်းက မြေညီထပ်မှာဖြစ်နေတာမလို့ တော်‌သေးတယ်ဆိုရမည်။ အထပ်မြင့်သာဆို အခုချိန် ထော့နဲ့ထော့နဲ့ဖြစ်နေနိုင်သည်မို့ နောက်ဆို အဲ့လိုမဆင်မခြင်အလုပ်မျိုးမလုပ်ဖို့ Matthew ကိုယ့်ဘာသာလည်းဆူပစ်လိုက်ပါတယ်။

Unmeowable LoveWhere stories live. Discover now