Chapter : 13

515 80 15
                                    

ရာသီဥတုက အေးစပြုလာပြီမလို့ ဒီနေ့ Matthew နဲ့တွေ့ဖို့ချိန်းထားတာကို မနက်ခင်းမဟုတ်ပဲ နေ့လည်ကိုပြောင်းလိုက်ပါတယ်။ သူ့ကောင်လေး အေးအေးလေးနဲ့ ဇိမ်ယူရ‌အောင် အချိန်ကိုပြောင်းလိုက်တာပါ။
Matthew တို့ လမ်းထိပ်နားကိုရောက်တော့ သူရောက်တော့မဲ့အကြောင်း စာပို့လိုက်ကာ ဆက်လျှောက်လာခဲ့တယ်။

"Jiwoon hyung~!"

အဝေးကနေ သူ့ကိုမြင်တာနဲ့ ခေါ်သံနဲ့အတူ ကိုယ့်ဆီကိုပြေးလာနေတဲ့ အကောင်ပေါက်ပါ။ အရှိန်နဲ့ပြေးလာပြီး အနားကိုရောက်လာတာနဲ့ တန်းဖက်တာမလို့ ရယ်လိုက်ရင်း သူ့ခါးလေးကိုဖက်ကာ လဲမသွားအောင် ပြန်ထိန်းဖက်ထားလိုက်တယ်။

"အေးနေတာကို ကိုယ်လာမှအပြင်ထွက်တာမဟုတ်ဘူး"

"Hyung ကိုစောစောတွေ့ချင်လို့လေ~"

ရင်ခွင်ထဲကကောင်လေးကို ဆူသလိုပြောလိုက်တော့  ချွဲကာပြောရင်း သူ့လည်ပင်းနားကို မျက်နှာလေးနဲ့ပွတ်သပ်လာတယ်။ သူ့ကိုယ်သူကြောင်လေးလိုလုပ်နေတယ်ပြောရအောင်လည်း တကယ်ကြောင်လေးဖြစ်နေတဲ့ သူ့‌ကောင်လေးပါ။

"Matthew က ဒီလိုပြောတော့ ကိုယ်မဆူနိုင်တော့ဘူး"

သူ ရယ်ကာပြောလိုက်တော့ ရင်ခွင်ထဲကအကောင်ပေါက်က သဘောကျသလိုမော့ကြည့်လာပြီး မေးရိုးနားကို နမ်းလာတယ်။ Jiwoong အသည်းယားကာ ပါးလေးနှစ်ဘက်ကိုညှစ်လိုက်ရင်း ဆူထွက်လာတဲ့နှုတ်ခမ်းလေးကိုပြန်နမ်းလိုက်တော့ Matthew ဆီက ရယ်သံလေးထွက်လာတယ်။ ဖက်ထားတာခွာလိုက်ပြီး သူ့လက်လေးကိုဆုပ်ကိုင်လိုက်တော့ အေးနေတာမလို့ လက်ကိုကိုင်ထားရင်းနဲ့ပဲ Jiwoong အနွေးထည်ရဲ့အိတ်ကပ်ထဲ နှစ်ယောက်လုံးရဲ့လက်ကို ထည့်ထားလိုက်တယ်။

ဒီနေ့ကအပြင်ထွက်လည်မှာမဟုတ်ပဲ Hanbin အိမ်ကိုသွားကြမှာပါ။  Matthew နဲ့ တွဲနေတာကို ဖွင့်ပြောလိုက်တော့ Zhang Hao က အတော်လေးအံ့ဩသွားခဲ့တာ။ ရည်းစားထားဖို့ စိတ်မဝင်စားသလိုလူက တွဲတော့လည်း ကောင်လေးနဲ့ဖြစ်နေခဲ့တာကိုး။ Matthew က အဲ့တာကြောင့် မင်းအကြောင်းတွေ လာလာမေးတာထင်တယ်လို့ Hao ကပြောပြလာတယ်။ ဒီအကောင်ပေါက်လေး နောက်ယောင်ခံလိုက်ရုံတင်မကပဲ အကုန်လုံးကိုလိုက်စုံစမ်းထားခဲ့တာပဲ။

Unmeowable LoveWhere stories live. Discover now