Chapter : 6

495 79 15
                                        

Hao က သူ့ကောင်လေးနဲ့ အတူတူနေတော့မှာမလို့ ပစ္စည်းရွှေ့တာကိုကူပေးဖို့ ဒီပိတ်ရက်ကို Jiwoong တို့ချိန်းထားကြတယ်။ သိပ်မများတာမို့ စောစောလေးရွှေ့ကာ နေရာချလိုက်ကြပြီး မနက်စာကို ပဲခေါက်ဆွဲ မှာစားလိုက်တယ်။ စားသောက်ပြီး ပြန်မလားတွေးနေတုန်း Hanbin ဆီဖုန်းလာကာ Hao က ဘယ်သူလာမှာလဲမေးတော့ Matthew လို့ ကြားလိုက်တာမလို့ Jiwoong ပြန်ဖို့အတွေးကိုနောက်ပို့ထားလိုက်တယ်။

အသီးစားမယ်ဆိုတဲ့ Hao ကြောင့် မီးဖိုချောင်ထဲ အတွဲလိုက် အသီးသွားခွဲနေကြတာမလို့ မနိုင်သလိုခေါင်းအသာခါလိုက်ပြီး သူ TV ကြည့်နေလိုက်တယ်။ တံခါးဘဲလ်သံကြားတော့ ဟိုအတွဲကြားပုံမပေါ်တာမလို့ သူပဲထလာလိုက်ကာ ဘယ်သူလာတာလဲကြည့်လိုက်ပြီး အပြင်မှာရပ်နေတဲ့ကောင်လေးကို တွေ့တော့ ပြုံးမိကာခဏကြည့်နေလိုက်ပြီးမှ တံခါးဖွင့်ပေးလိုက်တယ်။

Hanbin အထင်နဲ့ပြောနေပြီး မဟုတ်မှန်းသိကာ ကိုယ့်နာမည်ကိုမပီတပီခေါ်ရင်း အခန်းနံပါတ်ကိုစစ်နေတာ‌ကြောင့်

"ဝင်ခဲ့လေ အခန်းမမှားပါဘူး၊ Hanbin က အထဲမှာ"

တံခါးကိုအဆုံးထိဖွင့်ကာ သူဝင်လို့ရအောင် ဘေးနားကပ်ပေးပြီး အထဲဝင်ဖို့ခေါ်လိုက်တယ်။

တံခါးဖွင့်ကာအထဲဝင်ဖို့ခေါ်နေတာကြောင့် Matthew ဝင်လာကာ

"Jiwoon hyung က ဘာလို့ဒီကိုရောက်နေတာလဲ"

နောက်ကပါလာတဲ့သူ့ကိုထပ်မေးပြီး မီးဖိုချောင်ဘက်လျှောက်လာကာ ယူလာတဲ့အိတ်ကို Hanbin hyung ဆီပေးလိုက်တယ်။

"အန်တီ့ကို ကျေးဇူးတင်တယ်လို့ ပြောပေးဦးနော် Matthew ... Jiwoong hyung က Hao ပစ္စည်းတွေကို လာကူရွှေ့ပေးတာလေ၊ သူမနက်ထဲကရောက်နေတာ"

အမေးခံရတဲ့သူကမဖြေပဲ Hanbin hyung က အိတ်ယူရင်း ဖြေလာတာမလို့ အနောက်ကသူ့ကိုလှည့်ကြည့်ပြီးမှ ရှေ့ကအတွဲကိုပြန်ကြည့်ကာ

"Hyung တို့က အတူတူနေပြီပေါ့?"

ပြန်မေးမိတော့ နှစ်ယောက်လုံးက ခပ်ပြုံးပြုံးနဲ့ခေါင်းညိမ့်ပြလာကြတာမလို့ Matthew ရယ်လိုက်တယ်။

"အသီးခွဲထားတာ စားကြမယ်၊ မပြန်နဲ့ဦး လာ"

Hao hyung က သူ့ကိုလက်ဆွဲခေါ်သွားတာကြောင့် ဧည့်ခန်းထဲပြန်ပါလာကာ ထိုင်လိုက်ကြတယ်။ Hanbin hyung က အသီးပန်းကန်ကိုချလိုက်ပြီး Hao ဘေးဝင်ထိုင်ကာ စားဖို့ခွံ့ပေးနေတာမလို့

Unmeowable LoveWhere stories live. Discover now