Chapter : 5

469 81 23
                                    

"ကြောင်တွေ လူစကားပြောတတ်တယ်ဆိုတာ Matthew ယုံလား"

"ဗျာ?"

Jiwoong ရဲ့မေးခွန်းကြောင့် Matthew ချက်ချင်းသတိအနေထားဖြစ်သွားကာ ကျောမတ်မတ်ထိုင်လိုက်မိတယ်။

"ဘယ်...ဘယ်လိုလုပ်ပြီး ကြောင်တွေက လူစကားပြောတတ်မှာလဲ hyung ရဲ့"

ဟုတ်တယ်လေ သူကြောင်ဖြစ်နေတဲ့အချိန်မှာ လူစကားပြောတာမဟုတ်ပဲ hyung ကပဲကြားနေရတာဆိုတော့ သူလိမ်ဖြေတာမဟုတ်ပါ။

"ဒါဆို Matthew က အဲ့တာကိုမယုံဘူးပေါ့"

လူမိသွားတာမလို့ ကိုယ့်ဘာသာကျောမလုံပဲ hyung ကိုမကြည့်ရဲဖြစ်နေချိန် အကြည့်ချင်းဆုံအောင်လိုက်ကြည့်ရင်း ထပ်မေးလာတာမလို့ ခေါင်းညိမ့်ကာ

"မယုံပါဘူး အဲ့တာကသိပ်မဖြစ်နိုင်ဘူးလေ"

Matthew အသက်မပါသလိုရယ်ပြီးဖြေကာ ဘာလို့ သူ့ကိုဒါတွေလာမေးနေလဲဆိုတဲ့အတွေးနဲ့

"Jiwoon hyung က ယုံလို့လား"

အဖြေသိပြီးသားမေးခွန်းကို ပြန်မေးရင်း စကားပြောနေတဲ့ hyung ရဲ့ပုံက တမျိုးလေးဆွဲဆောင်မှုရှိနေတာမလို့ ကျောမလုံဖြစ်နေတာကိုခဏမေ့သွားပြီး ဘေးကနေထိုင်ငေးနေမိတယ်။

"ဆိုပါတော့ ကိုယ်အဲ့လိုကြုံဖူးလို့ ... ၂ခါလောက်ပေါ့"

Jiwoong ဖြေလိုက်ကာ သူ့ကိုငေးနေတဲ့ကောင်လေးကြောင့် ပြုံးလိုက်မိပြီး

"Matthew က မယုံဘူးဆိုတော့ ကိုယ်တို့ ဆက်ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးထင်တယ်"

"ဒါပေမဲ့ တခြားကိစ္စတွေဆွေးနွေးလို့ရတယ်လေ!"

Hyung စကားကြောင့် သူ့အသံနည်းနည်းကျယ်သွားကာ ကိုယ့်ကိုကြည့်ပြီး ခပ်ပြုံးပြုံးဖြစ်နေတဲ့ ကိုလူချောကြောင့်

"ဟို...ကျွန်တော်တို့အချင်းချင်းလည်း သိနေပြီဆိုတော့လေ Jiwoon hyung နဲ့ ဆက်သွယ်ဖို့ SNS acc ဖြစ်ဖြစ်လဲကြမလားဟင်" Matthew ချက်ချင်းပဲစကားလွှဲလိုက်တယ်။

"ကိုယ့်ကိုဖုန်းပေး"

အပြောနဲ့အတူ လက်ထဲကဖုန်းကိုယူသွားတဲ့ ကိုလူချောဆီ ‌သူစပ်စုဖို့အနားတိုးမိတော့ hyung ဆီကရတဲ့ ခပ်သင်သင်းအနံ့က ကိုယ်သင်းနံ့လား ရေမွှေးနံ့လားဆိုတာ သူမခွဲခြားနိုင်ပါ။

Unmeowable LoveWhere stories live. Discover now