Extra 1

404 68 10
                                    

ဂုဏ်ပြုစကားဆိုကြရင်း တစ်ယောက်တစ်ပေါက်စကားပြောနေကြတဲ့ သူတို့ဝိုင်းကအသံတွေက မကျယ်လွန်းဘူးဆိုပေမဲ့ တိုးလည်းမတိုးပါဘူး။ သီးသန့်ခန်းငှားလိုက်မိလို့ တော်သေးတယ်။

"မင်းတို့ ဒီနေ့မူးမှပြန်ရမယ်"

ခွက်ကိုကိုင်ရင်း သတို့သားနှစ်ယောက်ကို ဦးတည်ပြောလာတဲ့ Hao စကားကို ကျန်တဲ့လူတွေကလည်း ဝိုင်းထောက်ခံကြတယ်။

"ဟင့်အင်း အအေးပဲသောက်မှာ၊ ဒီည အရက်သောက်လို့မရဘူး"

"ဘာလို့လဲ.. Jiwoong က မသောက်ခိုင်းတာလား"

Matthew အငြင်းစကားဆို‌မိတော့ Hao hyung က သူ့သူငယ်ချင်းကြောင့်လားမေးလာတာမလို့ ကိုကိုက ရယ်ရင်း သူမဟုတ်ကြောင်းလက်ခါပြတယ်။

"သောက်လိုက်ရင် အိပ်ပျော်သွားမှာကို Hyung တို့က သိသိကြီးနဲ့ မတိုက်ကြနဲ့လေ"

သူ့မင်္ဂလာဦးညမှာ သူကအိပ်ပျော်နေတယ်ဆိုတာ ဖြစ်သင့်ရဲ့လား။

ဒီညလုံးဝမသောက်ဘူး။

"သူမသောက်ချင်ရင် မတိုက်ကြပါနဲ့ကွာ ငါတို့ပဲသောက်ရအောင်"

သောက်မယ် မသောက်ဘူး ဆက်ငြင်းနေကြမှာကိုမြင်ယောင်တဲ့ Jiwoong ကပဲဝင်ပြောလိုက်ပြီး ခွက်ကိုမြှောက်ကာ cheers လုပ်လိုက်ကြတယ်။ သူ့သတို့သားလေးကတော့ အအေးခွက်နဲ့ပေါ့။

"Taerae ကြိုက်သလောက်သောက်နော်"

Taerae က Hanbin hyung တို့နဲ့လည်း ရင်းနှီးနေပြီမလို့ အထွေအထူးပြောစရာမရှိပေမဲ့ သူ့သူငယ်ချင်းဆိုတော့ Matthew မှာ လောကွတ်လုပ်ဖို့တာဝန်ကရှိသေးတယ်။

"Matthew က မသောက်ဘူးဆို သူ့အစားပါ မင်းပိုသောက်ရမယ်"

သူမသောက်ဘူးငြင်းထားတော့ Hao hyung ရဲ့ ပစ်မှတ်က ကိုကို့ဆီပြောင်းသွားပြီ။

"မရဘူးလေ ကိုကိုတအားမူးသွားရင် ဘယ်လိုလုပ်မလဲ"

ကိုကို ဘာမှပြန်မပြောရသေးခင် Matthew က ဝင်တားတော့ ဒီကောင်ဘာဖြစ်နေတာလဲဆိုတဲ့အကြည့်နဲ့ Taerae က ကြည့်လာတယ်။

"မင်းလည်းမသောက် မင်းယောက်ျားလည်း မမူးရဘူးဆိုတော့ ဘာလဲကွ"

Unmeowable LoveWhere stories live. Discover now