Valentine's special

151 34 9
                                    

"ကမ္ဘာပေါ်က ထူးဆန်းတဲ့ကိစ္စတွေအကုန်လုံး ဘာလို့ ကျွန်တော့်ဆီမှာပဲ ဖြစ်နေတာလဲမသိဘူး"

ဂျီအွန်း သူ့ရင်ဘတ်ပေါ်ထိုင်နေတဲ့ အဖြူရောင်အမွှေးပွလုံးလေးဆီက ထွက်လာတဲ့အသံကြောင့် နားရွက်လေးကိုအသာပွတ်ပေးကာ နှစ်သိမ့်လိုက်တယ်။

ဒီနေ့ valentine's day

နှစ်ယောက်လုံးနားရက်ယူပြီး တနေကုန် အပြင်သွားဒိတ်မယ် စီစဉ်ထားခဲ့ကြတာ။ ဒါပေမဲ့ အခုမနက်နိုးလာတော့ မက်သရူးက ကြောင်ဖြူလေးပြန်ဖြစ်နေတယ်။

မက်သရူးဆွေမျိုးထဲက လူကြီးတွေကို လှမ်းမေးကြည့်တော့ အိမ်ထောင်ကျပြီးခါမှ တခါတလေ ကြောင်ပြန်ပြောင်းတဲ့ကိစ္စမျိုး ရှိတော့ရှိပေမဲ့ အတော်လေးရှားတယ်တဲ့။ မက်သရူးကျမှ ကံထူးသွားပုံပဲ။ ပြီးတော့ နေဝင်ချိန်မဟုတ်ပဲ မနက်ခင်းကြီးမှာ ကြောင်အဖြစ်ပြောင်းနေတာ။

လူကြီးတွေက ဒီလိုကိစ္စမျိုး ဖြစ်တတ်တာမလို့ တရက်လောက်တော့စောင့်ကြည့်လိုက်ဖို့ အကြံပေးတယ်။

သူ့ဘေဘီလေး စိတ်ညစ်မယ်ဆိုလည်း ညစ်ချင်စရာပဲ။

မက်သရူးစိတ်ညစ်နေပေမဲ့ ဂျီအွန်းကတော့ အနည်းငယ်ပျော်မိတယ်ဆို လွန်သွားမလား။ သူ မက်သရူးရဲ့ ကြောင်ဖြူလေးပုံစံကို မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ။ အခုကိစ္စက အကောင်းဘက်ကတွေးကြည့်ရင် ဂျီအွန်းအတွက်တော့ ပျော်စရာ။

ဖြူပွပွအမွှေးလေးတွေကို လက်နဲ့အသာပွတ်ရင်း သူ့ကြောင်ဖြူလေးကို ဖျစ်ညှစ်ချင်စိတ်တွေ တဖွားဖွားတိုးလာတယ်။ ဒါပေမဲ့ ညှစ်လိုက်လို့ မဖြစ်ဘူး။ သူစိတ်ကြည်နေတာမဟုတ်တော့ အကုပ်ခံရမှာ။

"ဘေဘီ.. စိတ်ညစ်မနေပဲ ကိုကိုနဲ့ အပြင်သွားရအောင်လေ"

"ဘယ်လိုသွားမှာလဲ။ ကိုကိုနဲ့ ဆင်တူဝတ်ပြီး သွားချင်လို့ အဝတ်အစားတောင် ခပ်ဆင်ဆင်လေးဝယ်ထားတာကို အခုဒီပုံစံနဲ့ ဘယ်လိုဝတ်ရမှာလဲလို့"

အမှန်တကယ် စိတ်ညစ် ဘူပိတ်နေတဲ့ လေသံနဲ့ ပြန်ဖြေလာတဲ့ ကြောင်ဖြူလေးက ချစ်စရာ။

"ဘာလို့မရရမှာလဲ။ ကိုကိုက ဘေဘီ့ကိုပွေ့သွားမှာပေါ့။ အဝတ်ဆင်တူဝတ်တာထက် ကိုကို့ရင်ခွင်ထဲကနေလိုက်ရတာက ပိုမကောင်းဘူးလား"

Unmeowable LoveWhere stories live. Discover now