Chapter : 15

552 88 23
                                        

Jiwoong တို့ အချစ်ရေးက အရာရာမှာအဆင်ပြေနေခဲ့တယ်။ ကျောင်းမှာအချိန်ရရင်ရသလိုတွေ့ဖြစ်ကြပြီး ပိတ်ရက်တွေမှာလည်း အတူလျှောက်လည်ဖြစ်ကြတယ်။ ညဘက်ဆို စာပို့ကာစကားပြောကြပြီး မနက်ကနေ ညအထိ နှစ်ယောက်သားအတူတူရှိနေရသလိုပါပဲ။ ဒါပေမဲ့.. ပုံမှန်အတိုင်းလည်ပတ်နေရာကနေ သူအခု Matthew နဲ့ မတွေ့ရတာ ၅ရက်ရှိပါပြီ။

[ကိုကို ကျွန်တော်ဖျားနေလို့ ကျောင်းမလာဖြစ်ဘူး၊ လွမ်းနေနော်♡]

သူ့ဆီကို ဒီစာတစ်ကြောင်းပို့ပြီးထဲက Matthew ပေါ်မလာတာ ၅ရက်ရှိပါပြီ။ ချစ်သူသက်တမ်းအနည်းငယ်ရှိလာပြီဆိုတော့ အခေါ်အဝေါ်ပြောင်းသင့်ပြီမဟုတ်လား။ ကိုကို လို့ ခေါ်ဖို့ Matthew ကို သူသင်ပေးထားတာပါ။ မပီတပီနဲ့ Jiwoon hyung လို့ပဲ အခေါ်များပြီး သူစိတ်ပါမှသာ ကိုကိုလို့ခေါ်ပါတယ်။ အခုလို လိုချင်တာမျိုးရှိရင်တော့ စိတ်ပါလက်ပါနဲ့ ကိုကိုလို့ တတွတ်တွတ်ခေါ်တတ်တယ်။

ပထမရက်ကတော့ တစ်ရက်တလေ ကျောင်းမလာတာထင်ပြီး သူ့ဘက်ကလည်း သိပ်စိတ်မပူခဲ့မိဘူး။ Matthew က သူအားတဲ့ချိန်မျိုးတွေမှာ စာပို့လာတတ်တာကိုး။ သက်သာတယ်လို့ အမြဲပြောနေပေမဲ့ အခုထိကျောင်းမတက်သေးပါဘူး။ ရက်ကြာလာတော့ သူ့ဘက်က စိတ်ပူလာတာပုံမှန်ပဲမလား။ သူအိမ်လာကြည့်မယ်ပြောတိုင်း အမြဲမလာနဲ့လို့တားပါတယ်။ Matthew စကားနားထောင်ပြီး စောင့်နေခဲ့ပေမဲ့ ၅ရက်ကြာတဲ့အထိ သူ့ကောင်လေးကို မမြင်မတွေ့ရ‌တာတော့ မဟုတ်သေးဘူးထင်တယ်။

Jiwoong အိမ်တံခါးရှေ့မှာ သေချာရပ်လိုက်ပြီး လူခေါ်ဘဲလ်ကိုနှိပ်လိုက်တယ်။ တအောင့်ကြာမှ Matthew နဲ့ မျက်နှာပေါက်ချင်းဆင်တဲ့ အန်တီကထွက်လာတာမလို့ သူ့မေမေဖြစ်ပုံပေါ်တယ်။

"ကျွန်တော် Matthew နဲ့တွေ့ချင်လို့ပါ၊ နေမကောင်းဘူးဆိုလို့ သတင်းလာမေးတာ အန်တီ"

သူ့ဘက်ကအရင် ရိုရိုသေသေနဲ့စကားပြောလိုက်တော့ အန်တီက သူ့ကိုသိနေတဲ့ပုံ။ ရင်းနှီးဖော်ရွေတဲ့အပြုံးနဲ့ ပြုံးပြလာတယ်။

"အိမ်အထိလာတာ အားနာစရာကွယ်၊ သားလေးက အဖျားမသက်သာသေးတော့ တွေ့လို့မရသေးဘူးကွဲ့"

Unmeowable LoveWhere stories live. Discover now