Matthew အိမ်ထဲကထွက်လာကာ တံခါးရှေ့ရပ်နေတဲ့ hyung ကို မြင်တာနဲ့ ရယ်လိုက်မိတယ်။ Tshirt အဖြူကို မိုးပြာရောင်ဂျင်းဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါးတွဲဝတ်ထားတဲ့ hyung က ဒီနေ့လည်း ကြည့်လို့ကောင်းနေပါတယ်။ သူနဲ့ယှဉ်ရင် hoodie အပွနဲ့ ဘောင်းဘီခပ်ပွပွအရှည်ကို ဝတ်ထားတဲ့ Matthew ပုံက အနည်းငယ် ကလေးဆန်နေသလို။
"သွားကြတော့မလား Matthew"
"Nae~ သွားရအောင်"
မေးလာတဲ့ hyung ကို သူပြုံးရယ်ကာဖြေလိုက်ရင်း နှစ်ယောက်သားထွက်လာခဲ့ကြတယ်။ ဘေးချင်းယှဉ်လျှောက်လာတော့ အရပ်ကွာတာက ပိုသိသာကာ hyung ဘက်လှည့်ကြည့်ရင် သူအနည်းငယ်မော့ကြည့်ရပါတယ်။ သွားရမဲ့နေရာဆီ bus စီးတော့လည်း ထိုင်စရာမရတာမလို့ မတ်တပ်ပဲရပ်ကြရတယ်။ လူတကားကြပ်တာမဟုတ်ပေမဲ့လည်း သူကိုယ်တိုင်ကိုက hyung အနားကပ်နေတာမလို့ သူ့ဆီကရတဲ့ ကိုယ်သင်းနံ့သင်းသင်းက ရစ်မူးဖွယ်ရာအတိ။ ကားဘရိတ်အုပ်လိုက်တိုင်းလည်း သူလဲကျမသွားအောင် hyung က အလိုက်သင့်ဖမ်းပေးထားတတ်သေးတယ်။
"ဘာကားကြည့်ကြမလဲ Jiwoon hyung"
"Matthew ပဲရွေးလိုက်လေ"
ရုပ်ရှင်ရုံကိုရောက်တော့ သူ့မေးတာကို ကိုယ့်သဘောဆိုပြီး ပြန်ဖြေလာပါတယ်။ အဲ့တော့လည်း Seok Matthew ရဲ့ အကြိုက်ဖြစ်သွားတာပေါ့။ သူရှာကြည့်လာပါတယ် ဒီနေ့ရုံတင်သေးတဲ့ သရဲကားရှိပါတယ်။ လက်မှတ်ရုံကိုရောက်တော့ လက်မှတ်နှစ်စောင်ဝယ်လိုက်တယ်။ ပိုက်ဆံကိုတော့ hyung က အလိုက်တသိရှင်းသွားတယ်။ ပေါက်ပေါက်ဆုပ်နဲ့ အအေး ကိုလည်း သူပဲရှင်းတာမလို့ Matthew အားနာပေမဲ့ သူတို့အခုပုံစံက အတွဲတွေနဲ့တူနေတာကြောင့် ခပ်ပြုံးပြုံးဖြစ်နေမိတယ်။
မုန့်လည်းဝယ်ပြီးပြီမလို့ သူတို့ရုံထဲဝင်ခဲ့ကြတယ်။ ခုံနေရာကမဆိုးပါဘူး အနောက်နားလောက်မလို့ screen ကို ကောင်းကောင်းမြင်ရတယ်။
"Jiwoon hyung"
Hyung ရဲ့ခုံနားကိုတိုးပြီး သူတိုးတိုးခေါ်လိုက်တော့ ဘာလဲဆိုကာ ငဲ့ကြည့်လာတယ်။
"ဒီဟာ အပေါ်တင်ထားလိုက်မယ်နော်၊ ပေါက်ပေါက် အတူတူစားရမှာဆိုတော့"
