“Sorry ... ကျွန်တော်တကယ်မမြင်လိုက်လို့၊ Hyung ကို တမင်ဝင်တိုက်တာ မဟုတ်ပါဘူး”
တောင်းပန်လိုက်ရင်း Matthew သူဖက်ထားရာကနေရုန်းထွက်လိုက်တယ်။ တကယ်ကောဟုတ်ရဲ့လားဆိုတဲ့ Hyung ရဲ့အကြည့်ကြောင့် စိတ်အိုက်နေတုန်း
“Matthew ဘယ်နားထိသွားသေးလဲ”
ရင်းနှီးတဲ့အသံနဲ့အတူ သူတို့အနားရောက်လာတဲ့လူကို ကြည့်လိုက်မိကာ "Hanbin hyung" အားကိုးရသွားသလိုခေါ်လိုက်မိပြီး
“ဘယ်နားမှမထိပါဘူး Hyung ကျွန်တော်တကယ်မမြင်လိုက်တာ၊ အခုလည်းသွားမှဖြစ်မှာ canteen မှာ ဖုန်းကျန်နေခဲ့လို့”
Hanbin hyung ကိုရှင်းပြလိုက်ပြီး Jiwoong hyung ကိုပါကြည့်လိုက်ကာ "တကယ်ပြောတာပါ" ယုံပေးပါဆိုတဲ့ပုံလေးနဲ့ပြောနေတော့
“ဘာမှမဖြစ်ရင်သွားလိုက်ပါ ဖုန်းကအရေးကြီးနေတာကို” Hanbin hyung ရဲ့ ကောင်လေးကဝင်ပြောလာပေမဲ့ “တကယ်သွားလို့ရလားဟင် Jiwoon hyung ဘာမှမထိခိုက်သွားဘူးမလား” အခုထိနှုတ်ဆိတ်နေသေးတဲ့ Hyung ကို မေးလိုက်မိတယ်။
“ကိုယ်ဘာမှမဖြစ်ပါဘူး ဖုန်းကိုသွားရှာလိုက်၊ ထပ်ပြီးချော်မလဲစေနဲ့”
ဩရှရှအသံနဲ့ သတိပေးသလိုပြောလာတဲ့ Hyung ကြောင့် Matthew ခေါင်းအခါခါညိမ့်လိုက်ကာ “အဲ့တာဆို သွားလိုက်ဦးမယ်နော် Hyung တို့” ၃ယောက်လုံးကို အင်တင်တင်ရယ်ပြပြီး လက်ပြနှုတ်ဆက်လိုက်ကာ အမြန်ထွက်လာခဲ့တယ်။
အတန်းထဲရောက်မှ ဖုန်းပါမလာတာမလို့ canteen ကို အမြန်ထွက်လာရင်း တိုက်တိုက်ဆိုင်ဆိုင် Jiwoon hyung နဲ့တိုက်မိတာပါ။ စာကြည့်တိုက်မှာဆုံပြီးထဲက သူနောက်ဆုံးနှစ်အတန်းတွေနားမသွားတော့သလို Hyung အိမ်ပြန်ရင်လည်း မလိုက်တော့ပါဘူး။ ထပ်မိသွားရင် သူ့ကို stalker ထင်ပြီး အမြင်ဆိုးသွားမယ်ထင်လို့ပါ။ စိတ်ဝင်စားလို့ လိုက်ကြည့်တယ်ပြောရင်လည်း မျက်နှာပူပြီးရှက်ဖို့ကောင်းတယ်မဟုတ်လား?
နောက်ကလိုက်ချောင်းရင်း သေချာသိလိုက်ရတာကတော့ Jiwoon hyung က ဘယ်လိုကြည့်ကြည့်ချောတာပါပဲ။ ချောတာတစ်ခုထဲနဲ့ကြိုက်လိုက်ဖို့ကို နည်းနည်းတွေဝေမိပေမဲ့ သူ့ဘက်ကမရိုးမသားခံစားချက် အနည်းငယ်စရှိလာတာလည်း အမှန်ပါ။
