Chapter : 20

515 72 23
                                        

Matthew ဧည့်ခန်းထဲထိုင်ရင်း ဘေးက ကိုကို့လက်ကိုယူကိုင်ထားမိကာ သူ့ကိုဝိုင်းကြည့်နေတဲ့လူတွေကို တစ်ယောက်ချင်း ပြန်လိုက်ကြည့်နေမိတယ်။ နေရခက်လိုက်တာလူတွေရယ်။ ချစ်သူရဲ့မိသားစုဝင်တွေနဲ့တွေ့ရတာ ဒီလိုမျိုးလား။

သူတို့ရှေ့တည့်တည့်မှာထိုင်နေတဲ့ ခပ်ချောချောအန်တီက ကိုကို့အမေတဲ့။ အဖေကတော့ ဆုံးသွားပြီပြောတယ်။ အန်တီ့ဘေးက လင်မယားက ကိုကို့ အစ်ကိုနဲ့ သူအမျိုးသမီးဖြစ်ပြီး အရွယ်သိပ်မကွာတဲ့ ၅နှစ်ဝန်းကျင် ကလေးလေးနှစ်ယောက်က သူတို့ရဲ့သားနဲ့သမီးလို့ ကိုကိုက မိတ်ဆက်ပေးလာတယ်။

Matthew အားလုံးကိုအတတ်နိုင်ဆုံးပြုံးရင်းနှုတ်ဆက်လိုက်တယ်။ သူတို့ကလည်း ကိုယ့်ကိုလူချင်းပထမဆုံးမြင်ဖူးတာဆို‌တော့ အကဲခတ်ပြီး အကြည့်မခွာကြသလို ကိုယ်ကလည်း နေရခက်ပေမဲ့ ပြုံးပြနေရပါတယ်။ ပါးတောင်ညောင်းလာပြီ။

ဖြစ်ပုံကတော့ ဒီလိုပါ။ ကိုကို့မွေးနေ့ဆိုတော့ သူ့အမေက အိမ်မှာမိသားစုညစာစားဖို့ လာခဲ့ဆိုပြီးခေါ်ပါတယ်။ Matthew က အဲ့လိုဆို အိမ်ပြန်လိုက်မယ် ကိုကိုသွားလိုက်လေလို့ပြောတာကို စိတ်ဆိုးသွားတာလားမသိပါဘူး။ မိသားစုညစာစားပွဲဆို ကြောင်ဆိုးလေးပါလိုက်ရမှာဆိုပြီး သူ့ကိုအတင်းခေါ်လာတာပါ။

"တွေ့ရတာဝမ်းသာပါတယ် ကိုကို့မေမေ"

တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်တာကတော့ စိတ်လှုပ်ရှားကာ နှုတ်ဆက်လိုက်တဲ့ Matthew ရဲ့အသံပါ။ အခေါ်အဝေါ်ကြောင့်ထင်တယ် ဘေးက ကိုကိုက ပြုံးနေတယ်။ အန်တီလို့ခေါ်လိုက်ရမှာကို ‌ကိုကို့မေမေလို့ ဘာလို့သွားခေါ်လိုက်တာလဲကွာ။

"အေးကွယ်.. အခုမှပဲသေချာမြင်ဖူးတော့တယ်၊ Matthew က ချစ်စရာလေးပဲ"

"အဲ့လောက်လည်း မဟုတ်ပါဘူး၊ ကျေးဇူးတင်ပါတယ်"

အားနာနာနဲ့ ကျေးဇူးတင်လိုက်ရင်း ကိုကို့ကိုလှည့်ကြည့်တော့ အဆင်ပြေတယ်ဆိုတဲ့ပုံနဲ့ ခေါင်းညိမ့်ပြလာတယ်။

"လေးလေး အဲ့သေးသေးလေးက ဘယ်သူလဲ"

Jiwoong အစ်ကိုပေါ်ထိုင်နေတဲ့ ကလေးလေးက သူ့ကိုများ သေးသေးလေးတဲ့။ အဲ့ကလေးပေါက်စက ရန်စတာလား။

Unmeowable LoveWhere stories live. Discover now