အခန်း(၁၀)

1K 75 1
                                    

မျက်လုံးတွေ ကျိန်းစပ်နေခဲ့သည်။ ခေါင်းကိုက်ခဲခဲ့တာ တစ်စတစ်စ ဆိုးဝါးလာခဲ့သည်။ ညကပျော်ရွှင်မှုလေးတွေ လွင့်ပြယ်သွားခဲ့တာ မြန်လှသည်။ ခွဲစိတ်ခန်းမှ ထွက်လာပြီးကတည်းက တစ်ရေးမှ မမှေးရသေးပေ။ ခွဲစိတ်ပြီးစ လူနာ ဦးမြမောင်က နံနက်နှစ်နာရီခန့်တွင် သတိရလာခဲ့သည်။ နံနက်ငါးနာရီတွင် ကြို့ထိုးလာခဲ့သည်။ ဆီးပိုက်တန်းလန်းနှင့် ဆီးချူထားသော ဆီးပုလင်းကို ငုံ့ကြည့်မိတော့ ထင်သည့်အတိုင်း ဆီးက နည်းနေခဲ့သည်။ ချမ်း ခေါင်းခဲသွားရလေ၏။ အရေးပေါ်ဂျူတီ ယူရသည့်ညမှာ ရောက်လာသည့် အခြားအရေးပေါ် လူနာများကလည်း ရှိသေးသည်။

ရေချိန်လွန်ပြီး မူးလဲ ခေါင်းကွဲသည့် လူနာ၊ တက်ဖျား ဖျားသည့် ကလေးလူနာ၊ ညှပ်ဆွဲမွေးရသည့် မွေးလူနာ။ သည်လူနာတွေကို ကြည့်ပေးရင်း ချမ်းရဲ့ ခေါင်းထဲမှာ ခွဲစိတ်ပြီးစ လူနာအခြေအနေကဲ ရောက်နေခဲ့၏ ။

ဘေစင်တွင် မျက်နှာသစ်၊ သွားတိုက်နေစဉ် မူယာ ရောက်နေခဲ့သည်။ ဆေးရောင်စုံ ခြယ်သနေကျမျက်နှာက သည်နေ့ ပန်းနုရောင်တစ်ရောင်တည်း ခြယ်သုံးလာခဲ့သည်။ မျက်ခွံနှင့် နှုတ်ခမ်းပါ ပန်းရောင်။ ဘူးပါတိတ် ပန်းရောင်ဝမ်းဆက်နှင့် လန်းဆန်းလှနုစွာ။ ပန်းရောင် နိုင်လွန်ဆွယ်တာပါးလေး ပါသေး၏ ။

“ဒေါက်တာချမ်း အခုမှ ထတာလား”

“အိပ်ကို မအိပ်ရသေးတာ”

“ညက ဂျူတီ တော်တော်ရှုပ်လို့လား။ စိတ်တောင် မကောင်းဘူးဟယ်”

မူယာက ခပ်သောသောလေး ပြောတော့ ချမ်း ရယ်မောဖြစ်သည်။ သူ့ရယ်မောသံက မပီပြင်။

“ဦးမြမောင် ကွန်ဒီရှင်ကော ဘယ်လိုနေလဲဟင်”

“အဲဒါကြောင့်ပေါ့ဗျာ။ Renal Failure (ကျောက်ကပ်ပျက်စီးခြင်း)ဝင်ပြီထင်တယ်။ Urine output(ဆီးအထွက်)နည်းတယ်”

“ဟုတ်လား၊ ပြဿနာပဲ။ မူယာနဲ့ သူတို့ အိမ်က စားအိမ်သောက်အိမ်လို ဖြစ်နေတာ။ ဒါကြောင့် ဒီနေ့အစောကြီး လာကြည့်ပေးတာ”

“လွန်ခဲ့တဲ့ ငါးရက်ကသာ ခင်ဗျား ဒီလို ဝီရိယကောင်းရင် ကျွန်တော် စိတ်ညစ်ရမှာ မဟုတ်ဘူး”

ချစ်ခြင်း၏ နောက်ကွယ်၌ (Completed)Where stories live. Discover now